ရောင်းလို့မကုန်တဲ့ ဟင်းတွေကိုရေဆေးပြီး ပြန်ချက်ရောင်းတဲ့ ထမင်းဆိုင်

အစားအသောက်တွေဆိုတာ တကယ်ကို သန့်ရှင်းဖို့အတွက် အရေးကြီးပါတယ်။Facebook မှာ တက်လာတဲ့ ဗီဒီယို တစ်ခုကြောင့် တစ်ကယ်ကို စွံ့ အသွားခဲ့မိပါတယ်။

၄င်းဗီဒီယိုကိုတော့ We are Malaysian Indians ဆိုတဲ့ Pgae မှာတင်ထားတာဖြစ်ပြီး ဗီဒီယိုနှင့် အတူ ရှုံ့ချပြောဆိုထားတဲ့ ပုံနှစ်ပုံပါ တွဲလျက်တင်ထားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုရင်တော့ အမျိုးသားတစ်ယောက်ဟာ လက်ဆေးဘေစင်မှာ ပုဇွန်တွေကို ရေဆေးချနေတာကို မြင်ရမှာဖြစ်ပါတယ်။

အချိန်အတော်ကြာအောင် ၄င်းချက်ပြုတ်ပြီးသားဖြစ်တဲ့ ပုဇွန်တွေကို ရေဆေး ချနေတာဖြစ်ပါတယ်။

ဖေစ့်ဘုတ်ပေချ့်မှာဖော်ပြချက်အရ အဲ့ဒီ ပုဇွန်တွေဟာချုတ်ပြတ်ပြီးတာ သုံးရက်လောက်ရှိနေပြီလို့သိရပါတယ်။”ဒီပုဇွန်တွေကို ချက်ထားတာ သုံးရက်လောက်ရှိပါပြီ။ သူတို့ကို အခုရေပြန်ဆေးပြီးတော့ ပြန်လည်ချက်ပြုတ်မှာဖြစ်ပါတယ်”ဆိုပြီးရေးသားဖော်ပြထားပါတယ်။

အခြားပုံတွေမှာ ဆိုရင်လည်း ဟင်းအမျိုးအစုံအလင်ကိုတွေ့ရမှာဖြစ်ပြီး ၄င်းဟင်းတွေကိုလည်း ရေပြန်ဆေးကာ ပြန်လည်ချက်ပြုတ်ပြီး ရောင်းချအုံးမှာဖြစ်ပါတယ်။အင်တာနက်အသုံးပြုသူတွေကတော့ အဲ့ဒီဆိုင်ကို ချက်ချင်း ပိတ်ပစ်ပေးဖို့အတွက်တောင်းဆိုခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*