ကိုယ်နံ့ ထွက်တာကို သဘာဝအတိုင်း ဘယ်လိုထိန်းချုပ်မလဲ

၁ – ပုံမှန်ရေချိုးပါ

ပုံမှန်ရေးချိုးဖို့တော့ လိုပါတယ်။ အပင်တွေကနေ အခြေခံထုတ်လုပ်တဲ့ ဆပ်ပြာမျိုးကို သုံးသင့်ပါတယ်။ ဆပ်ပြာကိုလည်း အချိန်ကြာအောင် တိုက်ပေးသင့်ပါတယ်။


၂ – ရေပြောင်အောင် သုတ်ပါ

ချိုင်းလို ခန္ဓာကိုယ်အနံ့ထွက်တဲ့နေရာတွေကို ရေခြောက်အောင် သုတ်ပေးဖို့ လိုပါတယ်။ ပေါင်ခြံလို အသားနှစ်ခု ထိတွေတဲ့နေရာတွေမှာလည်း ရေခြောက်အောင် သုတ်ပေးဖို့လိုပါတယ်။

၃ – ဘက်တီးရီးယားမမွေးနဲ့

ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်တဲ့ နေရာကို ရှင်းလင်းပေးတာ ကောင်းပါတယ်။ ဥပမာ – ချိုင်းမွှေးရိတ်ပေးခြင်းဟာ သင့်ကိုယ်နံ့ကို လျော့ကျစေပါတယ်။ ရှုးဖိနပ်ဝတ်တတ်တယ်ဆိုရင်လည်း ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။

၄ – ချည်သား

သဘာဝချည်သား အင်္ကျီမျိုးကို ဝတ်ပါ။ ချည်သားအင်္ကျီတွေဟာ အရေပြားအတွက် လေဝင်ပေါက်လေးတွေပေးထားတာကြောင့် အေးမျှပြီး ချွေးထွက်နည်းစေပါတယ်။ ချည်သားကိုဝတ်တာဟာ အရေပြားကိုလည်း ကျန်းမာစေပါတယ်။

၅ – ဆေးလိပ်နဲ့ ဆေးရွက်

ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးပါတဲ့ ပစ္စည်းတွေ ဝါးတာမျိုးကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။

၆ – ရေ

ရေများများသောက်ရပါမယ်။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်စေတဲ့ အညစ်အကြေးတွေကို ရေက ဖယ်ရှားပေးနိုင်ပါတယ်။

၇ – အနံ့ပြင်းတဲ့အစားအစာ

အနံ့ပြင်းတဲ့အစားအစာတွေကိုတော့ လျှာ့စားရမှာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူနဲ့မဆလာလို ပစ္စည်းတွေကို လျှော့သုံးသင့်ပါတယ်။ ကော်ဖီတအားသောက်တဲ့လူတွေကလည်း ကိုယ်နံ့ပြင်းတတ်ပါတယ်။

၈ – အစိမ်းရောင်

အစိမ်းရောင် အသီးအရွက်တွေကို များများစားတဲ့အလေ့အကျင့် လုပ်ထားသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*