ဒူးရင်းသီးခူးရင်း ခေါင်းကွဲမလို့ဖြစ်ခဲ့ရတဲ့ အမျိုးသမီးရဲ့ ကံဆိုးလွန်းတဲ့အဖြစ် ( ရုပ်သံ)

ဒီတစ်ခေါက်ဖော်ပြမဲ့အမျိုးသမီးရဲ့အဖြစ်ကတော့ ကြည့်မြင်သူတွေကိုရယ်မောစေနိုင်ပေမဲ့လည်း သူမအတွက်တော့အတော်ကံဆိုးလွန်းတဲ့အဖြစ်ပါ ။

သူမဟာ မြစ်ချောင်းဘေးမှာရှိနေတဲ့ ဒူးရင်းသီးပင်ကနေ ဒူးရင်သီးခူးဖို့ ဝါးဖောင်ငယ်လေးနဲ့အရောက်လာခဲ့တာပါ ။ သူမဟာ သူမရဲ့ခေါင်းပေါ်တည့်တည့်မှာရှိနေတဲ့ ဒူးရင်းသီးတစ်လုံးခူးဖို့ကြံရင်း အဆိုပါဒူးရင်းသီးကို 3-4 ကြိမ်ခန့်ပုတ်ခဲ့ပါတယ် ။ နောက်တော့ ဒူးရင်းသီးမမှည့်သေးဘူးအထင်နဲ့ နောက်တစ်လုံးကိုသာလှမ်းခူးဖို့ကြံရင်း အစောပိုင်းကသူမလက်နဲ့ပုတ်ထားတဲ့အရှိန်ကြောင့် ဒူးရင်းသီကြီးက သူမရဲ့ခေါင်းပေါ်တည့်တည့်ပြုတ်ကျလာခဲ့ပါတော့တယ် ။

ဒူးရင်းသီးကလည်း အတော်လေးကြီးပြီး ၊ အဆူးများစွာ နှင့် ပြုတ်ကျတဲ့အရှိန်ကလည်းပြင်းလွန်းလို့ အဆိုပါအမျိုးသမီးမှာ အတော်နာကျင်သွားပုံရပြီး လဲကျခဲ့ပါတော့တယ် ။ အဆိုပါအဖြစ်အပျက်ကို ရိုက်ယူထားတဲ့ video ဟာဆိုရင် ယခုအချိန်မှာတော့ social media ပေါ်မှာ ကြည့်ရှုသူတွေ အများအပြားရရှိထားတဲ့ video တစ်ပုဒ်လေး ဖြစ်နေပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*