ကား ၇စီးကို ဝှေးစေ့မှာ ကြိုးနှင့် ချည်ပြီး ၂၆ပေ ရောက်အောင် ဆွဲပြခဲ့တဲ့ ကွန်ဖူးမာစတာ

၃၀ ရက်နေ့တုန်းကရှန်ဒုန်းပြည်နယ်၊ ဇင်ဘိုရဲ့ လူမြင်ကွင်းတစ်ခုမှာ Ye Wei လို့ခေါ်တဲ့ ကွန်ဖူးပညာရှင်တစ်ယောက်ဟာ ၄င်း၏ ဝှေးစေ့ကိုသုံးပြီး အစဉ်လိုက်စီထားတဲ့ ကား ရစီးကို ၂၆ပေရောက်အောင်ဆွဲပြခဲ့ပါတယ်။ အခုတကြိမ်ဆွဲပြခဲ့ခြင်းဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ပြီးတော့ ပထမကတင်ထားခဲ့တဲ့ စံချိန်ကိုချိုးပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ စွမ်းရည်ပြခြင်းအခမ်းအနားကို လူအများအပြားက စိတ်ဝင်တစားလာရောက်ကြည့်ရှု့ခဲ့ကြတယ်လို့ သိရပါတယ်။တကယ်ကို အံ့သြစရာကောင်းလောက်တဲ့ အကွာအဝေးကို ဆွဲပြနိုင်ခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် သိုင်းသမားဟာမနှစ်က တင်ထားခဲ့တဲ့ စံချိန်ကိုချိုးဖျက်ပြနိုင်ခဲ့တဲ့ အတွက် အင်မတန် ဂုဏ်ယူနေကြောင်းလည်း ဖွင့်ဟစကားဆိုခဲ့ပါတယ်။

ပရိသတ်အမြောက်အများက Ye ကိုအားပေးခဲ့ကြပြီး ပရိသတ်ရဲ့ အားပေးမှု့တွေနဲ့ သူဟာ ဝှေးစေ့မှာ ကြိုးချည်လို့ သူ့ရဲ့ ပန်းတိုင်ကိုအရောက်ဆွဲပြနိုင်ခဲ့ပါတယ်။ကား ရစီးကို ဆွဲပြနိုင်ခဲ့တဲ့ Ye ရဲ့ စွမ်းအားကတော့ တကယ်ကိုအံ့မခန်းပါဘဲ။

ကားတွေရဲ့ အလေးချိန်တွေကတော့ ၁၂.၆ တန်လို့ မှတ်တမ်းမှာရေးသားဖော်ပြခဲ့ပါတယ်။သံမဏိလူသားမဟုတ်ဘဲ Ye ဟာ တကယ်တော့ သံမဏိဝှေးစေ့ပိုင်ရှင်ပါဘဲလို့တောင် တင်စားထိုက်ပါပေတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*