အိမ်ထောင်ရေးဆိုတာ ဘဝအတွက်အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုဖြစ်လို့ အုန်းပင်ထိပ်ထိတက်ပြီး wedding ဓာတ်ပုံရိုက်ပြခဲ့သူ

2020 ခုနှစ်ကတော့ တစ်ကယ့်ကိုအထူးဆန်းသောအရာတွေနဲ့ ပြည့်နှက်နေတဲ့နှစ်တစ်နှစ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း ဗီယက်နမ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ အထူးဆန်းဆုံးသောပုံစံအနေအထားနဲ့ wedding ဓာတ်ပုံရိုက်ပြခဲ့ပါတယ် ။

အဲတာကတော့ အုန်းပင်ထိပ်အထိ မင်္ဂလာဝတ်စုံနဲ့ တက်ပြီး pose မျိုးစုံပေးကာ ဓာတ်ပုံရိုက်ခဲ့တာပါပဲ ။ ထို့အပြင် အိမ်ထောင်ရေးတစ်ခုဟာ ဘဝမှာကြီးမားလွန်းတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းကို သူ၏ဓာတ်ပုံနှင့် ထင်ထင်ရှားရှားမြင်သာအောင် ဖော်ညွန်းပြခဲ့တာပါ ။ ယခုအချိန်မှာတော့ သူ၏ဓာတ်ပုံများဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပြီး ၊ အခြားသူတွေထက် တမူထူးခြားပြီး လိုက်လံတုပပြီးဓာတ်ပုံမရိုက်ကူးနိုင်လောက်အောင် ကြံကြံဖန်ဖန်စိတ်ကူးလေးက သူ့ကိုအတော်လေးနာမည်ကြီးစေခဲ့ပါတယ် ။ ဒါကြောင့် ပရိသတ်တို့လည်း ပိုထူးခြားတဲ့မင်္ဂလာဝတ်စုံနဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ဒီအဖြစ်လေးကိုသတိရပြီး ပြုံးရယ်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*