မိနစ်နှစ်ဆယ်အတွင်း ကုလားထိုင်တစ်ခုကို ဖန်တီးပြလိုက်တဲ့ စက်ရုပ်

စင်ကာပူ နိုင်ငံရဲ့ တက္ကသိုလ်တစ်ခုက သိပ္ပံပညာရှင်တွေဟာ ကုလားထိုင် တစ်ခုကို ကျွမ်းကျင်စွာ ဖန်တီးနိုင်တဲ့ စက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါတယ်။ အဆိုပါ စက်ရုပ်ဟာ သူ့ရဲ့ လက်မောင်းနှစ်ခုကို အသုံးပြုပြီး ကုလားထိုင်တစ်ခုက်ု ဖန်တီးပြသခဲ့တာပဲ ဖြစ်ပါတယ်။

ထို စက်ရုပ်ရဲ့ လက်မောင်းမှာ 3D ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပြီး ဒီကင်မရာလေးက နေ ကုလားထိုင် တည်ဆောက်ဖို့ အစိတ်အပိုင်းလေးတွေကို ကူရှာပေးပြီး ကုလားထိုင် ဘယ်လို တည်ဆောက်မယ်ဆိုတာ ပုံဖော်ဖို့အတွက် ၉မိနစ် ကြာမြင့် တယ်လို့ လည်း သိရပါတယ်။

တီထွင်သူတွေကတော့ ဒီစက်ရုပ်လေးကို ဧပြီလမှာ ကျင်းပမယ့် စက်ရုပ်ပြပွဲမှာ ပြသဖို့စီစဉ်ထားတယ်လို့ လည်း သိရပါတယ်။ ပရိသတ်ကြီး ဗဟုသုတရစေရန်အတွကိ ဒိစက်ရုပ်ကလေး ကုလားထိုင်ကို ဘယ်လို ဖန်တီးသွားတယ်ဆိုတာကို ရိုက်ထားတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*