ပိုက်ဆံထုတ်နေတဲ့ အမျိုးသမီးဆီကနေ လုဖို့ကြိုးစားခဲ့ကြတဲ့ ခါးပိုက်နှိုက်လေးယောက်ကိုပြည်သူများဝိုင်းဝန်းဖမ်းဆီး

မလေးရှားနိုင်ငံ မှာ တစ်နေ့တစ်ခြား မှု့ခင်းတွေဖြစ်ပွားမှု့တွေတိုးတက်လာတာနှင့်အညီ မလေးရှားပြည်သူတွေလည်း အိမ်ထဲကနေအိမ်ပြင်ထွက်ဖို့ကိုတောင်စိုးရိမ်နေရတယ်လို့ သိရပါတယ်။အခုလည်း မလေးရှားနိုင်ငံက MayBank မှာရှိတဲ့ ATM စက်ကနေ ပိုက်ဆံထုတ်နေတဲ့ အမျိုးသမီးဆီကနေ ခါးပိုက်နှိုက်လေးယောက်ဝိုင်းပြီး လုယူဖို့ကြိုးစားခဲ့ကြပါတယ်။ထိုအဖြစ်အပျက်ကို FB မှာယခုကဲ့သို့ တင်ထားတာကိုတွေ့ခဲ့ရပါတယ်။

“ဖြစ်ပျက်ခဲ့ပုံကတော့ MayBank ရဲ့ အရှေ့ဘက်မှာ ညနေစောင်းအချိန် လောက်မှာဖြစ်ပွားခဲ့တာပါ။လူလေးယောက်က ATM ထဲမှာ တိုက်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် ပြည်သူတွေလူထုတွေဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် လေးယောက်လုံး အဖမ်းခံခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကတော့ ဒီလိုပါဘဲ။ အမျိုးသမီးက ပိုက်ဆံအများကြီးကို ATM စက်ကနေထုတ်ဖို့ကြိုးစားနေတုန်း လူလေးယောက်က အနားကပ်လာပြီးတော့ သူမကို ကူညီမည်ဖြစ်ကြောင်း သူမလုပ်နေတဲ့ပုံက မှားနေကြောင်းပြောပြခဲ့ကြပါတယ်။ပြီးတဲ့နောက် သူမကိုကူညီချင်ယောင်ဆောင်ပြီး ပိုက်ဆံတွေကို ခိုးကာ ပိုက်ဆံတွေနဲ့ ထွက်ပြေးလွတ်မြောက်လုနီးနီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာရဲ့ ထောက်ပံ့မှု့ကြောင့်ဘဲလားမသိ။ စက်ဘေးကနေဖြတ်သွားတဲ့ လူတစ်ယောက်က ဒီလိုဖြစ်ပျက်နေတာကိုတွေ့ရှိခဲ့ပါတော့တယ်။

ဗီဒီယိုထဲမှာတော့ လူလေးယောက်ဟာ လက်တွေကို အချုပ်ခံထားရပြီး ကားကိုမှီလို့ မြေပြင်ပေါ်မှာထိုင်နေကြပါတယ်။သူတို့ရဲ့ ဘေးမှာ များစွာသော လူအုပ်ကြီးကိုလည်း တွေ့ခဲ့ရပါတယ်။သူတို့လေးယောက်စလုံးမှာဒဏ်ရာဒဏ်ချက်တွေရနေပြီး တစ်ယောက်ဆိုရင် ခေါင်းမှာ သွေးတွေနဲ့ချည်းပြည့်နေတာဖြစ်ပါတယ်။

ရဲတွေကတော့ မျက်မြင်သက်သေတွေကိုမေးမြန်းနေပြီးတော့ ၄င်းလေးယောက်ကိုလည်း စစ်ဆေးနေတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ရဲတွေဟာ ထိုလေးယောက်ကို ကားနှစ်စီးထဲသို့ခွဲထည့်ကာ လိုအပ်တာများကို ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*