မိမိကိုယ်ကို ဖုန်းအရမ်း သုံးလွန်းနေပြီလို့ထင်နေပြီဆိုရင်တော့ ဒီစာလေးကိုဖတ်လိုက်ပါ

ကမ္ဘာပေါ်မှာရှိတဲ့ လူတော်တော်များများ ဟာ မိုဘိုင်းဖုန်းတွေရဲ့ အရိပ်အောက်ကနေ ရုန်းမထွက်နိုင်ကြပါဘူး။မိုဘိုင်းဖုန်းတွေနှင့် အချိန်တော်တော်များများကို ကုန်ဆုံးခဲ့ကြပါတယ်။အဲ့ဒီလို မိုဘိုင်းဖုန်းတွေနဲ့ အချိန်ကုန်ခဲ့တာများခဲ့လို့ရှိရင် ရရှိလာနိုင်တဲ့ ဆိုးကျိုးတွေအနေနဲ့ သင့်ရဲ့ ဘဝအချိန်တွေကို ဖဲ့ပေးနေရသလိုဘဲ သင့်ရဲ့ ဂုတ်ကြွက်သား နှင့် သင့်ရဲ့ တန်ဖိုးရှိလှတဲ့ ကျောရိုးတွေကိုပါထိခိုက်လာနိုင်ပါတယ်။

South China Morning Post မှာတင်ထားခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ ရှန်ဒုန်းပြည်နယ်က မိန်းကလေးငယ်တစ်ဦးဟာ သူမရဲ့ ကျောရိုးဘက်အပေါ်ပိုင်းမှာ နာကျင်မှု့ဝေဒနာကိုခံစားနေရတာကြောင့် ဆရာဝန်ဆီကိုသွားရောက်ပြသခဲ့ရပါတယ်။

ဆရာဝန်ရဲ့ စစ်ဆေးချက်ကုသချက်တွေအရ သူမဟာ မိုဘိုင်းဖုန်း အသုံးပြုမှု့ အလွန်များပြားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။သူမကို X-Ray ရိုက်ခဲ့ပြီးနောက် သူမရဲ့ ကျောရိုး အပေါ်ပိုင်းဟာ ပုံသဏ္ဍာန်အရ ပျက်စီးနေပြီဖြစ်ကြောင်း ထိတ်လန့်ဖွယ်တွေ့ရှိခဲ့ရပါတယ်။

ဒီလို ရောဂါလက္ခဏာမျိုးဟာ အမှန်တကယ်တော့ အသက် ၅၀ ကျော်နောက်ပိုင်းမှသာ ခံစားရတာဖြစ်ပြီး အခုလို ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်လေ့မရှိဘူးလို့ ဆရာဝန်ကပြောပါတယ်။

မိန်းကလေးရဲ့ အဖေကတော့ သူရဲ့ သမီးဖြစ်သူဟာ ရုပ်ရှင်ကြည့်ရတာကြိုက်နှစ်သက်တဲ့ သူဖြစ်ပြီးတော့ သူမရဲ့ ဖုန်းနဲ့ ဂိမ်းတွေဆော့ရတာကိုသဘောကျတဲ့ သူလည်းဖြစ်ကြောင်း ၊ သူမအားတဲ့ အချိန်တိုင်းမှာ ဖုန်းနဲ့သာ အချိန်ကုန်ဆုံးကြောင်းပြောပြခဲ့ပါတယ်။

ကောင်မလေးကတော့ ဆေးကုသမှု့ကိုအရွယ်နဲ့မလိုက်အောင် ခံယူခဲ့ရပြီး အိမ်သို့ပြန်လာခဲ့ပါတယ်။ ဆရာဝန်ကတော့ နောက်ထပ် ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးမပြုဖို့ တိုက်တွန်းခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။ဖုန်းနဲ့စာဖတ်တာတွေ ဖုန်းနဲ့ ရုပ်ရှင်ကြည့်တာတွေကတကယ်တော့ ခန္ဓာကိုယ်ကိုဒုက္ခပေးတာများပါတယ်။ဒါကြောင့်မို့လို့ စာဖတ်သူတွေအနေနဲ့လည်း ကိုယ့်ကိုကိုယ် ဖုန်းသုံးတာများနေပြီလို့ ထင်နေတယ်ဆိုရင်တော့ ခဏလောက်ဘဲဖြစ်ဖြစ် အချိန် လျှော့သုံးကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*