အမျိုးသမီးအတွင်းခံတွေကို ခိုးယူခဲ့ရုံသာမက ထပ်ပြီးဝတ်ဆင်လာခဲ့လို့ ဒုက္ခရောက်ခဲ့ရတဲ့ သူခိုး

ဒီလို မိန်းကလေးအတွင်းခံတွေ ခိုးယူတတ်တဲ့ယောင်္ကျားတွေက အလွန့်အလွန်ကိုရှားတယ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ မကြာသေးခင်ကမှ ဗီယက်နမ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာပါ ။

အဆိုပါအမျိုးသားဟာ မိန်းကလေးတွေရဲ့အတွင်းခံတွေကို ဒါဇင်လိုက်အများအပြားခိုးယူလာခဲ့ပုံရပြီး ၊ ညဖက်မို့လို့ တာဝန်ရှိသူတွေက သင်္ကာမကင်းဖြစ်ပြီးစစ်ဆေးခဲ့ချိန်မှာတော့ ယခုလိုခိုးယူမှုကြီး အဖြစ်မှန်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ် ။ ခိုးယူယုံတင်မကပဲ သူ၏ခန္ဓာကိုယ်ပေါ်မှာတောင် မိန်းကလေးအတွင်းခံတွေ ဝတ်ဆင်ထားခဲ့ပါသေးတယ် ။

အဆိုပါအဖြစ်အပျက်ကို Facebook page တစ်ခုက ‘ နင့်ကို ငါ့သူငယ်ချင်းတွေဆီ ဧည့်သည်အနေနဲ့ အလည်ခေါ်သွားတာလေ ၊ အခုလို အတွင်းခံတွေ ခိုးခိုင်းဖို့မဟုတ်ဘူး ‘ ဆိုတဲ့ စာသားလေးနဲ့ ဟာသနှောကာ ပြန်လည်ဝေမျှထားပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ social media ပေါ်မှာ

အတော်လေးကို ရေပန်းစားသွားခဲ့ပြီးနောက် မိန်းကလေးတွေအတွက်ကတော့ စိတ်ဆိုးဒေါသထွက်ဖွယ်ရာ သတင်းဖြစ်ခဲ့ပေမဲ့လည်း ၊ ယောင်္ကျားလေးတွေအတွက်တော့ ရယ်မောဖွယ်ရာ ဟာသတစ်ခုလိုဖြစ်နေခဲ့ပါတော့တယ် ။ အဆိုပါအမျိုးသားလည်း သူ၏အကြောင်းတွေ social media ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့လို့ နောက်ထပ်ဆက်ပြီးခိုးယူမှုတွေ လုပ်ရဲတော့မှာ မဟုတ်ပါဘူးလေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*