မိဘတွေအိမ်ပြန်လာချိန် TV ပိတ်ပြီး အိမ်စာလုပ်ဖို့ ကောင်မလေးကိုအမြဲသတိပေးလေ့ရှိတဲ့ ခွေးလိမ္မာ (ရုပ်သံ)

တရုတ် social media ပေါ်မှာ ဂျာမာန်အမျိုးအစားခွေးလေးဖြစ်တဲ့ Nuomi နှင့် သူ၏သခင်မလေး Guanline တို့ရဲ့ အချင်းချင်း ဂရုစိုက်ပြီး အလိုက်သိတတ်လွန်းတဲ့လုပ်ရပ်တွေဟာ အတော်လေးကိုနာမည်ကြီးနေလျက်ရှိပါတယ် ။ Nuomi ကို မွေးစားခဲ့တာ 4နှစ်ခန့်ရှိနေပြီဖြစ်ပြီး ၊ ခွေးလေးကို သေသေချာချာလေ့ကျင့်သင်ကြားပေးခဲ့တာမျိုးလည်းမရှိကြောင်း သိရှိရပါတယ် ။

ခွေးလေးဟာ မိဘတွေအိမ်ပြန်လာချိန် TV ခိုးကြည့်နေတဲ့ Guanline ကို ဘယ်လိုသတိပေးရမလဲဆိုတာ သိနေခဲ့ပါတယ် ။ အစပိုင်းမှာ ခွေးလေးဟာ တံခါးပေါက်ဖက်ကို ဟောင်နေခဲ့ပြီး နောက်မှ သူ၏လက်ဖဝါးကို စားပွဲခုံပေါ်တင်ပြီး အချက်ပြခဲ့တာပါ ။ Guanline ကလည်း ခွေးလေးရဲ့သတိပေးချက်ကို ချက်ချင်းနားလည်သဘောပေါက်သွားပြီး TV ကိုပိတ်ကာ အိမ်စာလုပ်နေသယောင်ဟန်ဆောင်ခဲ့ပါတော့တယ် ။ ဖခင်ဖြစ်သူကလည်း အစပိုင်းမှာတော့ လုံးဝကိုမရိပ်မိခဲ့ဘဲ နောက်ဆုံး CCTV ဖွင့်ကြည့်ခဲ့ချိန်မှ သမီးလေး နှင့် ခွေးလေး အတိုင်အဖောက်ညီနေကြတာကို သိရှိခဲ့ရတာပါ ။

ခွေးလေးဟာ မိသားစုဝင်တွေနဲ့အတူ အမြဲကုန်စုံဆိုင်သို့သွားလေ့ရှိပြီး သခင်တွေအတွက်အမြဲ ခြင်းတောင်းကူသယ်ပေးလေ့ရှိရုံသာမက ၊ နေအိမ်မှာတစ်ကောင်တည်း ကျန်နေခဲ့တဲ့အချိန်တိုင်းလည်း delivery ပစ္စည်းတွေကိုလက်ခံတတ်ပါသေးတယ် ။ Delivery သမားရဲ့ပြောပြချက်အရ ” တံခါးဖွင့်နေတာကိုမြင်တော့ ကျွန်တော်ပါဆယ်ထုပ်ကိုပေးလိုက်တယ် ၊ ခဏနေမှ ပါဆယ်ထုပ်လက်ခံပေးနေတာ ခွေးလေးဖြစ်မှန်ကျွန်တော်သိလိုက်ရတယ် ၊

ကျွန်တော်ကြောက်လွန်းလို့ လက်ခံရရှိကြောင်းပြေစာကိုတောင် မယူလိုက်ရဘူး ၊ ခွေးလေးက ပစ္စည်းတွေကိုဒီတိုင်းပဲ ယူသွားခဲ့တာပါ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ နောက်တော့မှ သခင်ဖြစ်သူကခွေးလေးကို delivery သမားဆီသို့ခေါ်သွားခဲ့ကာ ခွေးလေးကလည်းချက်ချင်းမှတ်မိခဲ့လို့ delivery သမားကို မုန့်ထုပ်ပေးခဲ့ပြီး ကျေးဇူးတင်စကားပြောခဲ့ရကြောင်း သိရှိရပါတယ် ။

ခွေးလေး Nuomi ကို Guanlin လမ်းလျှောက်တက်စအရွယ်ကတည်းက မွေးစားခဲ့တာဖြစ်ပါတယ် ။ Guanlin ကလည်း ခွေးလေးကိုအမြဲပုံပြင်ဖတ်ပြပြီး မုန့်ကျွေးလေ့ရှိပါတယ် ။ ကျောင်းကနေ အိမ်ပြန်လာတဲ့ Guanlin ကိုအမြဲကြိုပို့ရုံသာမက ခွေးလေး Nuomi က လွယ်အိတ်တွေပါ ကူးသယ်ပေးလေ့ရှိလို့ ချစ်ဖို့ကောင်းလွန်းတဲ့ Nuomi နှင့် Guanlin ရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီး follower တွေလည်းအတော်များများရရှိခဲ့ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*