သင့်အိပ်ယာထဲ ကြမ်းပိုးမတက်အောင် အိပ်ယာခင်း အရောင်ပြောင်းအိပ်ကြည့်ပါ

သင့်အိပ်ယာ ကြမ်းပိုးတက်တာက သင့်ရဲ့ အိပ်ယာခင်း အရောင်နဲ့ သက်ဆိုင်မှုရှိတယ်လို့ ဆေးပညာဂျာနယ်တစ်ခုရဲ့ သုတေသန ပြုချက်အရ သိရှိခဲ့ကြပါတယ်။ ကြမ်းပိုးတွေက သူတို့ ကြိုက်တဲ့ အိပ်ယာခင်းအရောင်တွေမှာ ပိုပြီးနေတတ်ကြတယ်လို့ ဆိုပါတယ်။

သုတေသီတွေက ကြမ်းပိုးတွေ ဘယ်အရောင်ကို အကြိုက်ဆုံးလဲဆိုတာ သိစေဖို့ ကတ်ပြားရောင်စုံ ၈ မျိုးကို ကြမ်းခင်းတစ်ခုပေါ်မှာ ချထားပြီး အလယ်မှာ ကြမ်းပိုးတစ်ကောင်ကို ချထားပြီး စမ်းသပ်ခဲ့ပါတယ်။ ဘယ်အရောင် ကတ်ပြားအောက်မှာ ပုန်းဖို့ ဆုံးဖြတ်သလဲဆိုတာ သိနိုင်ဖို့ ၁၀ မိနစ် တစ်ခါထားပြီး စမ်းသပ်ခဲ့ပါတယ်။ ကြမ်းပိုးတွေ ပုန်းဖို့ အများဆုံး ရွေးချယ်တဲ့ အရောင်ကတော့ အနီရောင်ဖြစ်ပြီး အချိန်အားလုံးရဲ့ ၂၉%ခန့် ပုန်းအောင်းတဲ့ အရောင်ဖြစ်ပါတယ်။

သုတေသီတွေက ကြမ်းပိုးတွေ အနီရောင်ကြိုက်ရခြင်းက သွေးစုပ်တဲ့ သတ္တဝါတွေဖြစ်တဲ့အတွက် သွေးအရောင် အနီကို ကြိုက်တယ်လို့ အစက ယူဆခဲ့ကြပါတယ်။ သုတေသန ပြုလုပ်ပြီးနောက်မှာတော့ သူတို့ အနီရောင်ကို အဓိကရွေးချယ်ခြင်း အကြောင်းရင်းက သူတို့က သွေးစုပ်လိုက်တဲ့အခါမှာ အနီရောင်သန်းသွားပြီး အားလုံးနဲ့ တသားတည်းဖြစ်သွားတဲ့အတွက် အလွယ်တကူမတွေ့နိုင်တော့တာကြောင့် သဘာဝက ပေးတဲ့ အသိနဲ့ ကာကွယ်ဖို့အတွက် အနီရောင်ကို ရွေးချယ်ကြခြင်း ဖြစ်ပါတယ်။

ဒုတိယ အရွေးအများဆုံး အရောင်ကတော့ အနက်ရောင် ဖြစ်ပါတယ်။ ၂၃%ကျော် ရွေးချယ်ခဲ့တဲ့ အရောင်ဖြစ်ပါတယ်။ အကြောင်းကတော့ ကြမ်းပိုးတွေက သဘာဝအားဖြင့် အမှောင်ကို ရှာဖွေတတ်ကြတဲ့အတွက်ဖြစ်ပါတယ်။ အများအားဖြင့် မွေ့ယာ အစွန်းတွေ၊ချောင်ကြိုချောင်ကြားတွေနဲ့ တွင်းပေါက်ငယ်လေးတွေထဲမှာ နေလေ့ရှိတာကို ကြည့်ရင် သိနိုင်ပါတယ်။

အင်းဆက်တွေရဲ့ အပြုအမူတော်တော်များများက အမြင်ကို အခြေခံတာဖြစ်ပြီး အမြင်ဆိုတာက ယေဘူယျအားဖြင့် အရောင်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ-မိတ်လိုက်တာ ၊ဥဥတာ၊ ကိုက်ရမယ့်သူကို ရွေးချယ်တာ၊နေစရာ ရှာတဲ့အခါတွေမှာ အရောင်ကို အခြေခံပြီး ပြုမူလေ့ရှိပါတယ်။

အဝါရောင်နဲ့ အစိမ်းရောင်တွေက တောက်တောက်ပပနဲ့ လင်းနေတတ်တဲ့ ပုံစံနဲ့တူတာကြောင့် အကြောက်ဆုံးအရောင်တွေဖြစ်ပါတယ်။ ဒါကြောင့် အိပ်ယာခင်း၊ခေါင်းအုံးစွပ်ဝယ်မယ်ဆိုရင် လင်းလက်တဲ့ အဝါရောင်နဲ့ အစိမ်းရောင်တို့ ဝယ်ဖို့ အကြံပြုလိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*