BBQ အချဉ်ကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ ဆယ်ကျော်သက်

လူတစ်ယောက်စီမှာ သူတို့နဲ့ ဓါတ်မတည့်တဲ့ (Allergy ဖြစ်တဲ့) အရာတစ်ခုဆီ ရှိတတ်ကြပါတယ်။ ဓါတ်မတည့်တဲ့ ပမာဏ အနည်းအများ ကွာခြားမှုကြောင့် ကိုယ်ဘာနဲ့ ဓါတ်မတည့်တယ်ဆိုတာကို အလွယ်တကူ သိတဲ့သူ ရှိသလို မသိတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ အချို့အတွက်တော့ အဲဒီဓါတ်မတည့်မှုက အသေးအမွှားဖြစ်ပြီး အချို့အတွက်တော့ သေဆုံးတဲ့အထိ ပြင်းပြင်းထန်ထန် ခံစားရလေ့ ရှိတတ်ပါတယ်။

အခုသေဆုံးခဲ့တဲ့ အသက် ၁၅နှစ် အရွယ် ဝီလီယံ လူးကပ် ဆိုသူ ဆယ်ကျော်သက်ကတော့ မြေပဲနဲ့ ဓါတ်မ တည့်သူ ဖြစ်ပြီး သူ့ရဲ့ ဖခင် နဲ့အတူ အင်္ဂလန်နိုင်ငံရဲ့ အကြီးဆုံး ကျွန်းလို့ဆိုနိုင်တဲ Isle of Wight မှာ နေ ထိုင်သူ ဖြစ်ပါတယ်။

သူဟာ တရုတ် အသားကင် ဝယ်ပြီး အိမ်မှာ စားသောက်ပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ အသားကင်နဲ့ စားတဲ့ အချဉ် (sauce) မှာတော့ မြေပဲ ပါဝင်ပြီး အဲဒီလို မြေပဲပါတာကို မသိခဲ့တဲ့ အတွက် စားသုံးမိပြီး ၂၀၁၂ ခု ဒီဇင်ဘာလမှာတော့ မိခင်၊ ဖခင်တို့နဲ့ အတူ ရှိနေစဉ် ဓါတ်မတည့်မှု ဖြစ်ပွားခဲ့ပါတယ်။ သူတို့ထံမှာ Epi pen မရှိတဲ့ အတွက်ကြောင့် ဆေးရုံကား ခေါ်ခဲ့ပါတယ်။

ကုသမှု ပြုလုပ်ခွင့်မရသေးခင် ဆေးရုံရောက်တဲ့ အချိန်မှာပဲ သူဟာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ သူ့တို့မိသားစုကို ဝီလျယံကို ဆေးကုသမှုတွေ ပြုလုပ်ပြီး ဆက်လက်ကုသမှုတွေ ရပ်တန့်လိုက်တဲ့အချိန် လွန်ခဲ့တဲ့ ၉ နှစ်ကတည်းက Epi pen ပေးထားပေမယ့် တစ်ခါမှ မသုံးဖြစ်ဘူး လို့ ပြောပါတယ်။

အဆိုပါ အသက်ရှှုလမ်းကြောင်း ဆိုင်ရာ ရောဂါ (asthma) ရှိသူ ဝီလျယံဟာ သူစားလိုက်တဲ့ အစားအစာနဲ့ ပတ်သက်ပြီး အလွန့်ကို သတိကြီးကြီးထားဖို့ လိုကြောင်းနဲ့ အခုစားုလိက်တဲ့ Hong Kong Express မှ BBQ နံရိုးကင် နဲ့ စားတဲ့ အချဉ်မှာ မြေပဲပါဝင်တယ် ဆိုတာ သတိမထားမိတဲ့ အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရားရုံးက ဝီလျယံ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိဘများအနေနဲ့ အရေးပေါ် ဆေးကုသမှု လိုအပ်ကြောင်းနဲ့ ကုသမှု အချိန်နောက်ကျခြင်းက အသက် ဆုံးရှုံးရနိုင်ကြောင်း သာမက Epi pen ဟာ လူငယ်တစ်ယောက်ရဲ့ အသက်ကို မကယ်တင်နိုင်ကြောင်း မိဘများအနေနဲ့ နမူနာ ယူသင့်ကြောင်း ပြော ဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*