ဇနီးသည်အတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ လကမ္ဘာပေါ်မှာ မြေကွက်ဝယ်ပေးခဲ့တဲ့ အမျိုးသား(ရုပ်သံ)

‘ မင်းကို မိုးလောက်ထိချစ်တယ် ‘ ဆိုတဲ့စကားဟာ ပါကစ္စတန်မှာရှိတဲ့ Sohaib Ahmed အတွက်တော့ စကားအနေနဲ့ပြောတဲ့အရာမျိုးမဟုတ်ခဲ့ပါဘူး ။ ဘာလို့လည်းဆိုတော့ သူကိုယ်တိုင်ဇနီးချောလေးအတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ လကမ္ဘာပေါ်မှာမြေကွက် ဝယ်ပေးခဲ့လို့ပါပဲ ။ ပါကစ္စတန်နိုင်ငံ ၊ Rawalpindi မြို့မှာနေထိုင်တဲ့ Sohaib ဟာ အဆိုပါမြေကွက်ကို USD $45 ပေးပြီး Lunar Settlement Initiative ကနေတစ်ဆင့် ဝယ်ယူခဲ့ကြောင်း သိရှိရပါတယ် ။

တရားဝင်ခွင့်ပြုချက် ဂရန်လတ်မှတ်ရရှိထားကြောင်း သက်သေပြဖို့ဆိုရင်၊ ပိုင်ဆိုင်သူအနေနဲ့ အမြဲအခြေ ချနေထိုင်ဖို့လိုအပ်ကြောင်း သိရှိရပါတယ် ။ ပိုင်ဆိုင်ထားတဲ့လကမ္ဘာက မြေပေါ်မှာ ဘာလုပ်လို့ရနိုင်လဲဆိုရင်တော့ ဥပဒေအတွင်းချမှတ်ထားတဲ့အရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း LSI က ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း လကမ္ဘာပေါ်မှာအခြေချနေထိုင်ဖို့ဆိုရင်တော့ လိုအပ်တဲ့ပစ္စည်းကိရိယာ ၊ အသုံးအဆောင်တွေက များပြားလွန်းလို့ တော်ရုံနဲ့တော့ နေထိုင်နိုင်ကြမှာမဟုတ်ပါဘူး ။ အချစ်ကို သက်သေပြလွန်းသွားတဲ့ ပါကစ္စတန်နိုင်ငံသား Sohaib ရဲ့လုပ်ရပ်ကတော့ အတော်လေးကိုအံ့သြချီးကျူးရလောက်အောင်ပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*