
ဒီတက္ကစီရဲ့အကြောင်းကိုတော့တစ်ခါဌားစီးဖူးတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့ fb မှာ ဓာတ်ပုံနှင့် တကွ ချီးကျူးစကားတွေပြောဆိုလို့ တင်ခဲ့ရာမှ တစတစ နာမည်ကြီးလာခဲ့တာဘဲဖြစ်ပါတယ်။နောက်ပိုင်းမှာ သိလာကြရတာကတော့ ၎င်းကားရဲ့ ဒရိုင်ဘာကတော့ Teh Seong Yong လို့ခေါ်ပြီး အင်မတန်ကို ၀န်ဆောင်မှု့အပြည့်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သိလာခဲ့ကြပါတယ်။
သူ့ရဲ့ ကားကို ဌားစီးမိလိုက်ပီဆိုတာနဲ့ သူ့ရဲ့ စတင်ပြောတဲ့ စကားကတော့ “ဖုန်းအားအလကားသွင်းလို့ရပါတယ်။ ကြိုက်တဲ့ အချိုရည်(သို့) ဘီယာကို အလကားယူသောက်နိုင်ပါတယ်” ဆိုတဲ့ စကားလေးနဲ့ မိတ်ဆက်ပါတော့တယ်။အချိုရည်တွေထည့်ထားတဲ့ ဘူးထဲကိုကြည့်လိုက်မယ်ဆိုရင်လည်း တကယ်ကို အမျိုးအစားစုံလင်လှတဲ့ ဘူးတွေကိုတွေ့ရမှာဘဲဖြစ်ပါတယ်။
အဲ့ဒီအပြင် အရှေ့ခန်းမှ နေကာကိုဆွဲချလိုက်မယ်ဆိုရင်လည်း နာမည်ကြီး တံဆိပ်စီးကရက် လေးမျိုးလောက်ကို တွေ့ရမှာဖြစ်ပြီး ဆေးလိပ်သောက်တက်ပါက ယူသောက်နိုင်တာဘဲဖြစ်ပါတယ်။တကယ်ကို မယုံနိုင်စရာ ကောင်းတဲ့ ကားတစ်စီးပါဘဲ။
ဒီကားကိုစီးဖူးတဲ့ လူတော်တော်များများရဲ့ ပြောပြချက်အရတော့ သူတို့ရဲ့ ဘဝတစ်သက်တာမှာ ဒီလိုကားမျိုးကို ပထမဦးဆုံးအကြိမ်စီးဖူးတာပါဆိုပြီး ပြောစမှတ်ပြုကြပါတယ်။
ကဲ စာဖတ်သူတွေကော ဒီလိုကားမျိုး ဌားမစီးချင်ကြဘူးလား?
Leave a Reply