ကမ္ဘာ့ ကံအကောင်းဆုံး လူသား

ပုံမှာ မြင်တွေ့နေရတဲ့ လူကို ကမ္ဘာ့ကံအကောင်းဆုံး လူသားလို့လည်း ပြောစမှတ်ပြုကြပါတယ်။ သူဟာ ခရော်တီးယားနိုင်ငံက အသက် ၈၁နှစ်အရွယ် Frano Selak အမည်ရ အမျိုးသား ဖြစ်ပါတယ်။ သူဟာ သီချင်း သင်ကြားပေးတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်ကစလို့ သေဘေးနဲ့ စတင်ကြုံတွေ့ရပါတယ်။ အဲ့တုန်းက သူစီးတဲ့ ရထားဟာ ရထားလမ်းလျှော်ပြီး ရေခဲရေထဲက ကျတဲ့အခါ သေဆုံးသူများ ရှိခဲ့ပြီး သူဟာ လက်မောင်းဒဏ်ရာအချို့ ရရှိပြီးသာ ကျန်ခဲ့ပါ တယ်။ တစ်နှစ်အကြာမှာတော့ သူစီးတဲ့ လေယာဉ်ဟာ အရေးပေါ် ထွက်ပေါ် မတော်တဆ ပြုတ်ထွက်ပြီး ၁၉ ဦးသေဆုံးတဲ့ အက်ဆီးဒန့်မှာ သူဟာ ကောက်ရိုးပုံပေါ် ကျပြီး ဒဏ်ရာအနာတရရရှိလု့ိ အသက်ဘေးမှ လွတ်ခဲ့ပါ သေးတယ်။

နောက်လေးနှစ်ကြာတဲ့အခါ သူစီးတဲ့ ဘတ်စ်ကားဟာ ရေထဲ ကျပြီး လေဦးသေပါတယ်။ သူကတော့ ရေ ကူးပြီး အပေါ်ကို ပြန်တက်နိုင်ခဲ့ ပါတယ်။ ၁၉၇၀ ခုနှစ်အရောက်မှာတော့ နံပါတ်လေးခုမြောက် အက်ဆီး ဒန့် ဖြစ်ပြီး သူမောင်းတဲ့ ကား အက်ဆီးဒန့် ဖြစ်ပြီး ဆီတိုင်ကီ မပေါက်ကွဲခင် ကားကနေ အမြန် ထွက်နိုင်ခဲ့ တာကြောင့် သေလုနီးနီး အခြေအနေမှ လွတ်မြောက်သွားခဲ့ ပါတယ်။

သုံးနှစ်အကြာမှာ သူ့ကားရဲ့ ဆီပိုက်ဟာ မတော်တဆ ပေါက်ထွက်ပြီး ဆံပင်ကို တက်ပက်မိပြီး မီးလောင် တဲ့အခါ ဆံပင်အများစု ပါသွားပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဘတ်စ်ကား တိုက်တာ ခံရပြီး အရှိန် သိပ်မပြင်း တာကြောင့် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ ပါတယ်။ နောက်တစ်နှစ်အကြာမှာ ကားတိုက်မှု နောက်တစ်ခု ထပ်ဖြစ်ပြီး ကားပေါက်ကွဲခါနီးမှာ လွတ်မြောက်ခဲ့ပါ သေးတယ်။

၂၀၁၀ ခုနှစ်အရောက်မှာ သူဟာ ဗြိတိန်ပေါင် ၆သိန်းဖိုး တန်ကြေးရှိတဲ့ ထီဆုကို ပေါက်ပါတယ်။ ဒါပေမယ့် သူဟာ ယင်းငွေအားလုံးကို မိတ်ဆွေနဲ့ အခြား သူများကို ပေးလှူလိုက်ပါတယ်။ အများက သူ့ကို ကမ္ဘာ့ ကံအကောင်းဆုံးလူလို့ ထင်ကြပေမယ့် သူကတော့ အဲ့လိုမမြင်ပါဘူးတဲ့။ အကြောင်းကတော့ သူဟာ ယင်း အက်ဆီးဒန့်များကို ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။

ဒါပေမယ့် သူဟာ အသက်ဘေးက လွတ်မြောက် ခဲ့တာတွေကိုတော့ အင်မတန်ဝမ်းသာပြီးအသက်ထက် တန်ဖိုးကြီးတဲ့အရာ ဘာမှ မရှိတော့တာကို သိတာကြောင့် ဇနီးဖြစ်သူနဲ့ အတူ သာမန်ဘဝမှာ ပင်စင်စားနေထိုင်ပြီး သူပေါက်တဲ့ ထီမှ ငွေများကို အခြားလူများကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*