ဖိနပ်ချွတ်တဲ့ပုံစံ ဖိနပ်စီးတဲ့ပုံစံက ပြောတဲ့ သင့်အကြောင်း

လူတစ်ယောက်ရဲ့ဖိနပ်စီး ဖိနပ်ချွတ်ထားတဲ့ပုံကိုကြည့်ပြီးဒီလူဟာ ဘယ်လိုလူသားမျိုးလည်းဆိုတာကို အနီးစပ်ဆုံးခန့်မှန်းလို့ရပါတယ် …

ဖိနပ်ကို ရှပ်တိုက်ပြီး တဗျန်းဗျန်းအသံမြည်နေအောင် စီးတတ်တဲ့သူတွေဟာစိတ်ထားကြမ်းတမ်းတတ်ကြတယ်..

ဖိနပ်ချွတ်တဲ့နေရာမှာလည်း ညီညီညာညာမဟုတ်ပဲဖြစ်သလိုပဲ တောင်တစ်ဖက်မြောက်တစ်ဖက်ချွတ်မယ်

သူများဖိနပ်တွေပေါ်မှာ ကြုံသလို နင်းဖိပြီးချွတ်လိုက်မယ်မှောက်ခုံတွေဖြစ်အောင်ချွတ်မယ်..အဲ့သလိုလူတွေဟာဘယ်အရာမဆိုဖြစ်သလိုပြီးသလွယ်လုပ်တတ်ကြတယ် ။

သေသေသပ်သပ်စည်းစနစ်ရှိရှိနဲ့မလုပ်တတ်ကြဘူးသန့်ရှင်းသပ်ရပ်မှုကိုလည်း အလေးမထားတတ်ကြဘူးစကားပြောတာကအစ အကျိုးနဲ့အကြောင်းနဲ့ရှင်းရှင်းလင်းလင်းပြောတတ်တဲ့သူမျိုးမဟုတ်ပဲတဖက်သားအမြင်မှာ လက်မခံနိုင်လောက်တဲ့မရေးမငမ်းအမူအရာတွေနဲ့(လူရာမဝင်တဲ့)စကားမျိုးတွေပြောတတ်ကြတယ်….

ဟုတ်မဟုတ်တော့ ကိုယ်တိုင် ဖိနပ်ချွတ်တဲ့အခါမှာဘယ်လိုချွတ်တက်လဲလို့အရင်တွေးကြညြ့်ပီးအထက်ကပြောခဲ့တာတွေကို ကိုယ့်ကိုယ်ကိုမညာတမ်းစဉ်းစားကြည့်ကြပါလေ…..

ဟုတ်နေတယ်ဆိုရင်တော့ အဲ့ဒီအချက်တွေနဲ့ဆန့်ကျင်ဖက်ဖြစ်သွားအောင် ကြိုးစားပြီးပြုပြင်လိုက်ကြပါစို့လို့…..

Be the first to comment

Leave a Reply

Your email address will not be published.


*