
ချောင်းဆိုးခြင်း၊ အအေးပတ်ခြင်း တို့ဟာ အပယိက ဖျားနာမှု ဆိုပေမဲ့ ကိုယ်လက်မအီမသာ နှင့် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ နေ့ဖက်မှာတော့ အဆင်ပြေအောင် သီးခံနေနိုင်ပေမဲ့ ညဖက်ကျရင်တော့ အဆင်မပြေတော့ပါဖူး။ အထူးသဖြင့် အလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ် လာတဲ့ အချိန်တွေဆိုရင် ပိုလို့တောင် ဆိုးပါတယ်။
များသောအားဖြင့် ကလေးငယ် တွေမှာ ရောဂါပိုးမွားတွေကို ခုခံတိုက်ခိုက်ဖို့ ကိုယ်ခံစွမ်းအား မလုံလောက်ချိန်မှာ အအေးပတ်ခြင်း၊ တုပ်ကွေး စသည်တို့ ဖြစ်တတ်ကြပါတယ်။
အအေးပတ် ချောင်းဆိုးချိန်မှာ ချောင်းဆိုးပျောက် ဆေးရည်က အသင့်တော်ဆုံးလို့ ထင်ကြတယ်။ ဒီဆေးရည်ရဲ့ အဓိကလုပ်ဆောင်ချက်က ဦးနှောက် ကို ပို့လွတ်ပေးမဲ့ ချောင်းဆိုးစေဖို့ အချက်ပြခြင်းကို မပို့လွတ်နိုင်အောင် ထိန်းချုပ်ပေးခြင်း ဖြစ်ပါတယ်။
သူ့မှာအဓိက ပါဝင်တဲ့ Codeine နှင့် Dextromethorphan နှစ်မျိုးက အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး မလိုအပ်တဲ့ အကျိုးသက်ရောက်မှု တွေဖြစ်တဲ့ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် နှလုံးနှင့် ပက်သက်သော လုပ်ဆောင်မှုတွေ မြန်ဆန်လာခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ ချွဲ ၊ သလိပ် ၊ နှပ် နှာရည် တို့ကို အလွယ်တကူနဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးများ မရရှိစေပဲ ဖယ်ရှားနိုင်မဲ့ နည်းလမ်းအတွက် လိုအပ်သည်များကတော့
♦
ပျားရည်
♦
သံလွင်ဆီ
♦
ချည်ကျဲကျဲ ရက်ထားသော ပိတ်ပါးစ သို့မဟုတ် ပတ်တီးစ
♦
ဂျုံမှုန့် နှင့်
♦
အနာကပ် ပလာစတာ တို့ လိုအပ်ပါတယ်။
ပြုလုပ်နည်းကတော့
♣
ဂျုံမှုန့် အနည်းငယ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ပျားရည် အနည်းငယ်ဖြင့် ရောပြီး ပျော့ပျော့ အလုံး အနေအထား ရအောင် မွှေပါ။
♣
သံလွင်ဆီ အနည်းငယ် ထပ်မံရော၍ မွှေပြီး ဂျုံမှုန့် နဲနဲ ထပ်ထဲ့ပြီး လုံးပါ။ လက်မှာ မကပ်တဲ့ အနေအထား ရအောင်ပြုလုပ်ပါ။ သံလွင်ဆီ မရလျှင် အုန်းဆီကို အသုံးပြုပါ။
♣
ပိတ်ပါးစ ၃လက်မ ၄လက်မ ပတ်လည်ခန့် ဖြတ်ပြီး ရောစပ်ပြီးသားကို ပိတ်စပေါ်တွင်တင်ကာ ရင်ဘတ် သို့မဟုတ် နောက်ကျောဖက်တွင် ပလာစတာ အသုံးပြုပြီး ကပ်ပါ။ အပေါ်မှ အင်္ကျီဝတ်နိုင်ပါတယ်။
ကလေးများအတွက်ကတော့ အိပ်ယာမဝင်ခင် ၂နာရီ၊ ၃နာရီအလိုမှာ ပြုလုပ်ပေးရန်လိုအပ်ပြီး မအိပ်ခင်မှာ ခွာပစ်ရန်ဖြစ်ပါတယ်။
လူကြီး များအတွက်ကတော့ တညလုံး ကပ်ထားပြီး မနက်ကြမှ ခွာလိုက်ပါ။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ နည်းဖြစ်ပြီး အံ့သြလောက်အောင် အစွမ်းထက်တာကို တွေ့ရပါလိမ့်မယ်။
လူကြီးများနှင့် ကလေးတွေမှာပါ ချောင်းဆိုး၊ နှာခေါင်းပိတ်၊ ချွဲသလိပ် တို့ကြောင့် ညဖက်အိပ်ရခက်နေတာတွေကို သက်သာစေပါတယ်။ ၃၊၄ ရက်ခန့် ဆက်တိုက်ပြုလုပ်ပေးနိုင်သည်။
Leave a Reply