
မာတောင့်ခြောက်သွေ့ပြီး ကွဲအက်နေတဲ့ ခြေဖနောင့်တွေက အဆင်မပြေမှု များစွာ ဖြစ်ပေါ်စေပါတယ်။ သို့ပေမယ့် ရောဂါပိုး သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိ ရိုးရိုးမုန့်ဖုတ်ဆိုဒါက ခြေဖနောင့် အရေပြားကို နူးညံ့ လာစေမှာပါ။
အကုန်အကျ သက်သာပေမယ့် အရမ်းထိေရောက်တဲ့ နည်းလေးလည်း ဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုခြင်းဖြင့် beauty salon တောင် သွားနေစရာမလိုဘဲ နူးညံ့သိမ်မွေ့တဲ့ အကျိုးခံစားမှုကို ရရှိမှာဖြစ်ပါတယ်။
ဒီရိုးရှင်းသောနည်းလေးကြောင့် ခြေဖနောင့်မှ အသားမာတွေကို ပျော့ပျောင်းစေပြီး လှပဆွဲဆောင်မှုရှိ တဲ့ ခြေဖနောင့်ကို ရရှိပိုင်ဆိုင်လာစေမှာဖြစ်တယ်။
ဒီလုပ်ငန်းစဉ်အတွက် မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း (၃) ဇွန်းနဲ့ ရေ ၄-၅ လီတာ လိုအပ်ပါလိမ့်မယ်။
မုန့်ဖုတ်ဆိုဒါကို ရေနွေးမှာ ပျော်ဝင်စေပြီး ခြေထောက်ကို ၁၅-၂၀မိနစ် ကြာ စိမ်ထားပေးပါ။
ပြီးရင် ခြေထောက်ကို ကျောက်ခဲသို့ brush ဖြင့် ပွတ်တိုက်ပေးရပါမယ်။ ပြီးရင် အာဟာရဖြစ်စေတဲ့ ခရင်မ် တစ်ခုခု လိမ်းပေးပါ။ ခြေဖနောင့်အရမ်းအက်နေရင် ချည်သားခြေအိတ်ကို တစ်ညစွပ်ပေးပါ။
ပထမအကြိမ်မှာတင် ထူးခြားမှုကို သတိပြုမိလာပါလိမ့်မယ်။
အဲဒီအတိုင်း ၅-၇ ရက်အထိ နေ့တိုင်း ပုံမှန်လုပ်ပေးပါ။ ပြီးသွားပြီဆိုရင် ခုနစ်ရက် အနားယူပြီး ပုံမှန်အ တိုင်း ပြန်လုပ်ပေးပါ။
အဲဒီအတိုင်း ခုနစ်လုပ်ပြီးရင် နောက်ခုနစ်ရက်ခြားခြားပြီး နားပေးပါ။ အဲဒီအတိုင်း စုစုပေါင်း ကုသမှုသ (၃) ကြိမ်ပြုလုပ်ရမှာပါ။
အဲဒီ(၃) ကြိမ်ကုသမှု ကာလကျော်ဖြတ်ပြီးတဲ့အချိန်မှာ သင်ပိုင်ဆိုင်ချင်တဲ့ နူးညံ့ချောမွေ့တောက်ပြောင် တဲ့ ခြေထောက်တစ်စုံ ရရှိ ပိုင်ဆိုင်သွားပါလိမ့်မယ်။
Leave a Reply