ကိုယ်သုတ် တဘက် ကို လိုအပ်သလောက်လျှော်ဖွပ်ကြခြင်းမရှိသူများ သတိထား..

ရေချိုးပြီးလျင် ကိုယ်သုတ်သော တဘက် ကို အသုံးပြုသူများက လိုအပ် သလောက်လျှော်ဖွပ်ကြခြင်း မရှိကြောင်း အမေရိကန်ပြည်ထောင်စု ၊ အမျိုးသားကျန်းမာရေးဌာန ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဌာနခွဲမှ သတိပေးပြောကြားသည် ။

ကိုယ်သုတ်တဘက်တွေက အလွန်ညစ်ပတ်ပါတယ် ။ အသစ်ဝယ်ယူပြီး စတင်အသုံးပြုချိန်က စပြီးတော့ နေ့စဉ်ရက်ဆက် ညစ်ပတ်လာတာပါ ။ ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယား၊မှို၊ဆဲလ်အသေတွေ စွဲကပ်နေသလို သွားရည်၊ ဆီး၊ ဝမ်း တွေလည်း ကပ်ငြိနေပါတယ်။ ဒါ့အပြင် ရေချိုးခန်းတွေထဲက ပိုးမွှား မျိုးစုံကလည်း တဘက်ပေါ်ခုန်တက်ပြီး ကပ်ငြိနေတတ် ပါတယ် ။ အိမ်သာထဲကို တဘက်ပတ်ပြီးဝင် သွားတတ်ကြသူတွေဆိုရင် ပိုလို့တောင်ဆိုးရွားပါ သေးတယ် ဟု နယူးယောက်ဆေးတက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည် ။


အဆိုပါ မိုက်ခရိုဗက်တီးရီးယားများအားလုံးက လူကိုထိခိုက်စေနိုင်သည် မဟုတ်သော်လည်း ပြန့်နှံ့ပေါက် ပွားမှု အလွန်လျင်မြန်ကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ကျန်းမာရေး အတွက် မည်သို့မျှ မကောင်း နိုင်ကြောင်း ၊ ထို့ ကြောင့် ကိုယ်သုတ် တဘက်များကို တစ်ပတ်လျင် အနည်းဆုံး (၃)ကြိမ် လျှော်ဖွပ်သင့်ပြီး အသုံးပြုပြီးတိုင်းလည်း လုံးဝခြောက်သွားအောင် နေပူလှန်းရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည် ။

မျက်နှာသုတ်တဘက်ဖြစ်စေ ၊ ကိုယ်သုတ်တဘက်ဖြစ်စေ ၊ ဘယ်လိုသုံးတဲ့တဘက်ဖြစ်စေ ၊ စိုမနေ ဖို့အရေးကြီးပါ တယ် ။ အသုံးပြုပြီးတိုင်း နေလှန်းထားပါ ။ အနံ့ဆိုးမထွက်ပါစေနဲ့ ။ အနံ့ထွက်ပြီ ဆိုကတည်းက ဒါဟာ မိုက်ခရို ဗက်တီးရီးယားတွေ ရှိနေပြီ ၊ ရှိနေတာမှ တအားကိုများနေပြီ ဆိုတဲ့ သဘော ဖြစ်ပါတယ် ။ အနံ့နည်းနည်းထွက်တာ နဲ့ ချက်ခြင်းလျှော်သင့်ပါတယ် ။ လျှော်တဲ့အခါ မှာလည်း ရေနွေးနဲ့ဆပ်ပြာနဲ့လျှော်တာ အသင့်တော်ဆုံးဖြစ်ပါတယ် ဟု ၎င်းက ဖြည့်စွက်ရှင်းပြသည် ။

တဘက် ဟူသည် ဗက်တီးရီးယားများပေါက်ဖွားရန် အလွန်အဆင်ပြေသောနေရာ တစ်ခုဖြစ်နေကြောင်း ၊ ရေဓါတ် ၊ အနွေးဓါတ် ၊ အောက်စီဂျင် ၊ အစားအစာ နှင့် နျူထရယ် pH တို့ပါဝင်ကြောင်း ၊ ၎င်းအရင်း အမြစ်များ ပြတ်တောက် မသွားအောင်လည်း လူ့ခန္ဓာကိုယ်က အဆက်မပြတ် ပံ့ပိုးနေကြောင်း ၊ လူ့ခန္ဓာ ကိုယ်အတွင်းအပြင်တွင် အဆိုပါ အရင်းအမြစ်များဖြင့် ပြည့်နှက်နေကြောင်း ၊ ထို့ကြောင့် မိမိ အသုံးပြုသော တဘက်များ သန့်ရှင်းခြောက်သွေ့နေရန် အလွန်အရေးကြီးပြီး တဘက်များကို အစိုအတိုင်းမသိမ်းခြင်း ၊ အနံ့မထွက်အောင် ပုံမှန်လျှော်ဖွပ်ပေးခြင်းဖြင့် ဖြစ်လာနိုင်သော အရေပြားရောဂါနှင့် အခြားရောဂါမျိုးစုံကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည် ။

Be the first to comment

Leave a Reply

Your email address will not be published.


*