FACEBOOK တည်ထောင်သူ MARK ZUCKERBERG နဲ့ PRISCILLA CHAN တို့ဆီမှ သင်ယူရရှိနိုင်တဲ့ သမီးရည်းစား ဆက်ဆံရေး အချက် (၅) ချက်

အင်တာနက်ကို တခေတ်ဆန်းသစ်လာအောင် စွမ်းဆောင်ပေးခဲ့သူ Mark Zuckerberg ဟာ သူ့ဘဝလက်တွဲဖော်လည်းဖြစ်၊ သူ့အနာဂတ်ဇနီးလောင်းလည်းဖြစ်တဲ့ Priscilla Chan ကို ပါတီတစ်ခုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲဒီနောက် သူတို့နှစ်ဦး ဒိတ်လုပ်ခဲ့ကြတာဖြစ်ပြီး ခုဆိုရင် Mark နဲ့ Priscillaတို့ အတူလက်တွဲနေထိုင်ခဲ့ကြတာ ၁၂ နှစ်နှီးပါး တောင် ရှိနေပါပြီတဲ့။ အချိန်တွေ ဒီလောက်ကြာမြင့်စွာ နှစ်ဦးသား ဖြတ်သန်းခဲ့ကြတာဟာ တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာအသိုက်အမြုံလေးက တဆင့် သမီးရည်းစားဆိုင်ရာ သင်ခန်းစာအချို့ သင်ယူရရှိနိုင်မယ်ဆိုရင် ဒါဟာ ဘာတွေများဖြစ်လိမ့်မလဲ။

(၁) ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် ချစ်သူအတွက် အမြဲတမ်းအချိန်ပေး


Mr Zuckerberg နဲ့ လက်တွဲပြီး သမီးရည်းစားဘဝထဲ ဝင်ရောက်လာတဲ့အချိန်မှာ သူတို့နှစ်ဦးတွေ့ဆုံဖို့၊ ဒိတ်လုပ်ဖို့အတွက် ကြပ်တည်းတဲ့ အချိန်၊ အခက်အခဲတွေ ရှိနေတယ်ဆိုတာ သိနေကြပါတယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေပဲရှိရှိ၊ ဘယ်လောက်အလုပ်တွေရှုပ်ရှုပ် နှစ်ဦးသား တစ်ပတ်ကို တစ်ညလောက် အနည်းဆုံးအတူရှိဖို့ Mark ကို Priscilla က မေတ္တာရပ်ခံထားပါတယ်။ နာမည်ကြီး၊ လူသိများပြီး အင်မတန် အလုပ်ရှုပ်တဲ့ လူတွေအတွက် အပြင်ထွက်၊ အချိန်ဖြုန်းပျော်ပါးနေဖို့ဆိုတာ အတော်ခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်ရတဲ့သူအတွက် အချိန်ပေးတယ်ဆိုတာ မလွဲမသွေ လိုက်နာရမယ့် နိယာမတစ်ခုပဲလေ။
(၂) တစ်ဦးနဲ့တစ်ဦး အမြဲတမ်း အပြန်အလှန်ချီးမွမ်းအားပေးစကားဆို

သူ့ ယုံကြည်ချက်တွေနဲ့ ရှေ့ရေးကို ကြိုတင်သိမြင်မှုတွေကြောင့် Mark ဟာ ဉာဏ်ရည်ထက်မြက်တယ်ဆိုတာ လူသိများပြီးသားဖြစ်မှာပါ။ မီဒီယာအသံလွင်ဌာနတစ်ခုနဲ့ တွေ့ဆုံပြောဆိုမှု တစ်ခုမှာ ဒီလိုလူသားဆန်တဲ့ လုပ်ငန်းတွေ စတင် ခြေလှမ်းလုပ်ဆောင်လာနိုင်တာဟာ Ms Chan ကြောင့်လည်း အများကြီးပါတယ်လို့ Mr. Zuckerberg က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် သူမလူနာတွေအကြောင်း နှစ်ဦးသား ပြန်လည်ပြောဆိုရာကနေ သူ့အလုပ်အတွက် အသိ၊ အိုင်ဒီယာတွေလည်း ရရှိခဲ့ပါတယ်တဲ့။

(၃) လူမှုမီဒီယာ ဖန်တီးသူရဲ့ ပထမဦးဆုံး အမျိုးသမီးဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ထက်မြက်တဲ့သူဖြစ်အောင် ကြိုးစား

ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရပ်တည်နိုင်သလို စဉ်းစားတွေးခေါ်တတ်တဲ့ အမျိုးသမီးဖြစ်တဲ့ Priscilla ဟာ SiliconValleyရဲ့ပထမဦးဆုံးအမျိုးသမီးမဖြစ်ခင်မှာကတည်းက အောင်မြင်နေသူတစ်ယောက်လည်းဖြစ်ပါ
တယ်။ Havard University မှာ ဇီဝဗေဒဘာသာရပ်ကို လေ့လာသင်ကြားခဲ့ပြီး San Francisco မြို့ California တက္ကသိုလ်မှာ ဆေးပညာနဲ့ ကျောင်းပြီးထားတဲ့ Priscilla က ခုလက်ရှိမှာတော့ UCSF Benioff Childern’s Hospital မှာ တာဝန်ထမ်းဆာင်နေပါတယ်။ Priscilla ဟာ ယခုလက်ရှိနေရာရောက်လာအောင် အလုပ်ကိုကြိုးကြိုးစားစား လုပ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဒုက္ခသည် မိဘနှစ်ပါးမှ မွေးဖွားခဲ့တဲ့ Priscilla ဟာ မိသားစုဝင်တွေထဲမှာတော့ ပထမဦဆုံးကောလိပ်ကျောင်း တက်ဖူးသူ တစ်ဦးဖြစ်ပါတယ်။ သူမနဲ့ Mark တို့ရဲ့ ပညာရေးအကြောင်းကို ပြန်လည်ထောက်ရှုတဲ့အခါမှာ သူတို့စုံတွဲနှစ်ဦးစလုံးက ပညာရေးဖောင်ဒေးရှင်း တစ်ခု တည်ထောင်ဖို့ ကြေငြာခဲ့ကြပါတယ်။ နှစ်ယောက်အတူ နှစ်ပေါင်းများစွာ လက်တွဲပြီးတဲ့နောက် နှစ်ယောက်အတူ ခိုင်မာတဲ့ ခံယူချက်တစ်ခု ရရှိကြတာပါ။
(၄) ဟာသဉာဏ် အမြဲရှိပါစေ

ကွန်ပျူတာ ဂျပိုးတစ်ယောက်ရဲ့ ချစ်သူတစ်ဦးဖြစ်နေရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ သက်သာမှုရစေတာက Mark နဲ့ Priscilla နှစ်ယောက်စလုံးမှာ ဟာသကို နားလည်ခံစားတတ်ကြပြီး ဟာသဉာဏ်လေးတွေ ရှိကြပါတယ်။
(၅) အိမ်မွေးတိရိစ္ဆာန်တွေ ချစ်တတ်အောင် ကြိုးစား

Zuckerberg နဲ့ Priscilla နှစ်ယောက်ဟာ ဟန်ဂါရီ သိုးခွေး Beast ရဲ့ အုပ်ထိန်းသူတွေဖြစ်ကြပါတယ်။ အဲဒီခွေးလေးဟာ ဖေ့စ်ဘုတ်ခ်ပြီးရင် Mark ရဲ့ ဒုတိယဦးစားပေးဖြစ်ကြောင်း ဟိုးအရင်အင်တာဗျူးတစ်ခုမှာ Priscilla က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အချစ်တော်ခွေးလေး ပျော်ရွှင်မှုရရှိစေဖို့ တစ်နေ့တစ်နေ့ မိနစ် ၃၀ လောက် အချိန်ပေးကြတယ်။ ခွေးလေးတစ်ယောက်ကို အတူတကွ ထိန်းကျောင်းယုယပေးတာ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာ၊ စိတ်ခံစားချက်တွေနဲ့ အတူတကွ အားစိုက်ထုတ်မှုတွေကြောင့် သူတို့စုံတွဲအတွက် အမှန်တကယ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်တဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*