မိန်းကလေး တွေက ဒီ(၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေး မျိုးကို နှစ်ဆပိုချစ် ကြပါတယ်…..

မိန်းကလေး တွေက ဒီ(၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေး မျိုးကို နှစ်ဆပိုချစ် ကြပါတယ်

သင့် ချစ်သူ မိန်းကလေး ကို ရင်ခုန်သံ မြန်လာစေမယ့် အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲ ?ယခုဖော်ပြမယ့် အချက် (၅) ချက်က အရမ်း Romantic မဆန်ပေမယ့် သင့်ချစ်သူ မိန်းကလေး ဟာ ဒီအချက်တွေကြောင့်ပဲ သင့်ကို နှစ်ဆပိုချစ်လာမှာပါ…။

၁။ သူမကို အမြဲ ကာကွယ်ပေးခြင်း…

သူမ နဲ့အတူ လမ်းလျှောက်ထွက်တဲ့အခါမျိုးမှာ ရုတ်တရက် နေအရမ်းပူလာရင် သင် က ထီးမိုးပေးတာ၊ သူမ သွားမယ့် လမ်းကြောင်းမှာရှိတဲ့ တံခါးမှန်သမျှကို သင်က ကြိုဖွင့်ထားပေးတာ၊ သူမ နဲ့ ကားအတူစီးလာရင်လည်း ကားတံခါးကြိုဖွင့် ထားပေးတာ၊

အစရှိတဲ့အချက်တွေဟာ သေးသေးမွှားမွှားလို့ ထင်ရပေမယ့် သင့် ချစ်သူ မိန်းကလေး ဟာ ဒီအချက်တွေကြောင့်ပဲ သင့်ကို လူကြီးလူကောင်း အဖြစ် မြင်လာပြီး သင်နဲ့အတူရှိရတာ လုံခြုံတယ်လို့ ခံစားလာမိမှာပါ…။

၂။ သူမရဲ့ မိသားစုကို တန်ဖိုးထားခြင်း…

မိသားစု ဆိုတာ လူတို င်းအတွက် အရမ်းအရေးကြီးပါတယ်။ သင့် ချစ်သူ အတွက်လည်း အရေးကြီးမှာပါပဲ။ သူမ ရဲ့ ငယ်ဘဝအကြောင်းတွေ၊ ကလေးဘဝက ဓါတ်ပုံတွေ၊

သူမရဲ့ မိဘနဲ့ မောင်နှမ တွေအကြောင်းပါမကျန် အကုန်လုံးကို စိတ်ဝင်စားသင့်ပါတယ်။ သူမ ရဲ့မိသားစုကို တန်ဖိုးထားပေးတဲ့ သင့်ကိုလဲ သူမ က အရမ်းတန်ဖိုးထား ချစ်ပေးမှာ သေချာပါတယ်။

၃။ အကြောင်းပြချက်မရှိ လက်ဆောင်ပေးခြင်း…

လူအများစုဟာ အမှတ်တရ နေ့တွေမှာပဲ ကိုယ့် ချစ်သူ ကို လက်ဆောင်ပေးတတ်ကြတာပါ။ သင်က ဘာအကြောင်းပြချက်မှ မရှိဘဲ လက်ဆောင်ပေးလိုက်မယ်ဆို သူမ အရမ်းကို ပျော်ရွှင်သွားမှာ သေချာပါတယ်။

လက်ဆောင်ဟာ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းစည်းလေးဖြစ်နေရင်တောင် သူမ အတွက် အရမ်းပြည့်စုံနေပြီး သင့်အပေါ် အချစ် တွေ တိုးလာစေမှာပါ…။

၄။ လူအများကြားမှာလဲ သူမကို ကြင်နာစွာ ဂရုစိုက်ခြင်း…

သင့် မိတ်ဆွေ တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း သူမ နဲ့ ဂရုစိုက်ပြီး မိတ်ဆက်ပေးသင့်ပါတယ်။ တကယ်လို့ မိတ်ဆက်မပေးဘဲ မသိသလိုနေလိုက်မယ်ဆို ….

သူမရင်ထဲ အားငယ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ သင့်သူငယ်ချင်းတွေကြားမှာလဲ သူမကို ဂရုစိုက်ပေးမယ်ဆို သင့်ကို အရမ်းချစ်လာမှာ အမှန်ပါပဲ…။

၅။ သူမရဲ့ နဖူးလေးကို နမ်းပေးခြင်း…

ဒီအချက်ကတော့ ပြောနေစရာတောင် မလိုတော့ပါဘူးနော်…။သူမရဲ့ နဖူးလေး ကို သင်နမ်းလိုက်တဲ့အချိန်တိုင်း သင့် အချစ်တွေကို သူမက ခံစားမိသွားမှာဖြစ်လို့ အချစ်တွေ ပိုတိုးလာပြီး အရမ်းပျော်ရွှင်ရတဲ့ ချစ်သူဘဝကို အမြဲပိုင်ဆိုင်နေမှာပဲ ဖြစ်ပါတယ်…။

Be the first to comment

Leave a Reply

Your email address will not be published.


*