မနက်အိပ်ရာထချိန် ရေ တစ်ဖန်ခွက်သောက်သုံးခြင်း၏အံ့ဖွယ်အကျိုးကျေးဇူးများ

မနက်အိပ်ရာထချိန် ရေ သောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

ဂျပန်အမျိုးသမီးတွေဟာ ကျန်းမာသွယ်လျတဲ့ခန္ဓာကိုယ်ကြောင့်လူသိများကျော်ကြားပါတယ်။တကယ်တော့ သူတို့ ဂျပန်လူမျိုးတွေရဲ့ရိုးရာဓလေ့လိုဖြစ်နေတဲ့အလေ့အကျင့်ကောင်းလေးတွေကြောင့်ကျန်းမာသွယ်လျပြီးချောမောလှပတဲ့မိန်းကလေးတွေဆိုရင်ဂျပန်မလေးနဲ့တူလိုက်တာချစ်စရာကောင်းလိုက်တာလို့ပြောခံရခြင်းဖြစ်ပါတယ်။ရိုးရာဓလေ့ကတော့တခြားမဟုတ်ပါဘူး မနက်အိပ်ရာထထချင်း ဘာအစာမှမစားရသေးခင် ရေသောက်ခြင်းအလေ့အထပါပဲ။

မနက်အိပ်ရာထချိန်ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

ခန္ဓာကိုယ်ရဲ့၇၀ရာခိုင်နှုန်းလောက်ကရေဓာတ်နဲ့ပဲအလုပ်လုပ်တာဖြစ်တဲ့အတွက်မနက်အိပ်ရာထတာနဲ့လန်းဆန်းတက်ကြွနေစေဖို့ရယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားအင်တွေကို ရေဓာတ်ကနေရရှိပါတယ်။ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုကြာရှည်စွာခံစားရပါကအဝလွန်ရောဂါ၊ရင်သားကင်ဆာရောဂါ၊ခေါင်းတခြမ်းကိုက်ရောဂါ၊အူမရောင်နာရောဂါ၊သားအိမ်ကင်ဆာ၊ဆီးကျောက်တည်ခြင်း၊နှလုံးအောင့်ရောဂါ၊အစာမကြေခြင်းစတဲ့ ရောဂါဝေဒနာပေါင်းစုံကိုခံစားရနိုင်ပါတယ်။ဒါကြောင့်မနက်အိပ်ရာထချိန် ရေသောက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေများစွာရရှိစေခြင်းဖြစ်ပါတယ်။

အဲဒီလိုမနက်အိပ်ရာထချိန် ရေသောက်တဲ့အခါအစာအိမ်ထဲမှာဘာအစာမှရှိမနေစေရပါဘူး။အဲဒီအခြေအနေမှာ ရေသောက်ခြင်းကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများဖြစ်ထွန်းစေပါတယ်။

ခန္ဓာကိုယ်အဆိပ်အတောက်ကင်းခြင်း


အဲဒီလိုမနက်အိပ်ရာထထချင်းအစာအိမ်ထဲမှာအစာမရှိချိန်ရေသောက်ခြင်းကြောင့်ခန္ဓာကိုယ်တွင်းအူမကြီးကိုလှုပ်ရှားမှုဖြစ်စေပါတယ်။ညဘက်အိပ်ချိန်မှာခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့ဇီဝဖြစ်စဉ်တွေကြောင့်ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်နေပါလိမ့်မယ်။ဒါကြောင့် အဲဒီလို အစာမရှိချိန်မနက်အိပ်ရာထထချင်း ရေကိုလုံလောက်အောင်သောက်ပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစေပြီးလန်းဆန်းမှုနဲ့ကျန်းမာမှုကိုခံစားရပါလိမ့်မယ်။ဒါ့ပြင်ခန္ဓာကိုယ်တွင်းကြွက်သားဆဲလ်တွေနဲ့သွေးဆဲလ်အသစ်တွေထုတ်လုပ်မှုကိုလည်း မြင့်တက်စေပါတယ်။

အသားအရေကြည်လင်ချောမွေ့ခြင်း

ရေဓာတ်ခမ်းခြောက်မှုက အရေပြားမှာအမည်းစက်နဲ့အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မနက်အိပ်ရာထချိန် ဗိုက်ထဲအစာမရှိချိန် ရေ၅၀၀မီလီဂရမ်ရအောင်သောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီးအသားအရေကြည်လင်တောက်ပစေပါတယ်။တစ်နေ့လုံး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစင်ပြီး အသားအရေလှပလာပါလိမ့်မယ်။

ကျောက်ကပ်အနည်ထိုင်ခြင်းနှင့် ဆီးအိမ်ရောင်ရမ်းခြင်းကိုကာကွယ်ပေးခြင်း

နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးကတော့ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ကျောက်ကပ်အနည်ထိုင်ခြင်းတို့ကိုလည်းကာကွယ်ပေးပါတယ်။မနက်အိပ်ရာထထချိင်းအစာအိမ်တွင်းအစာမရှိချိန် ရေသောက်လိုက်ခြင်းကြောင့်အစာအိမ်ကနေအက်ဆစ်ထွက်မှုကိုလျော့နည်းသက်သာစေပြီး ကျောက်ကပ်မှာအနည်ထိုင်ခြင်းကိုကာကွယ်ပေးတာဖြစ်ပါတယ်။ဒါ့အပြင်ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်ခြင်းကြောင့် ဆီးအိမ်ရောင်ရမ်းမှုဖြစ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်လျော့ကျမှုကိုပြန်လည်မြှင့်တင်ပေးခြင်း

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်ရှိသင့်တဲ့ကိုယ်အလေးချိန်ဆိုတာရှိပါတယ်။အဲဒီလိုမနက်အိပ်ရာထတာနဲ့အစာအိမ်ထဲအစာမရှိချိန် ရေသောက်ပေးခြင်းကြောင့် အစာချေစနစ်ကိုတိုးတက်စေပြီး ဆာလောင်မှုကိုခံစားရစေပါလိမ့်မယ်။အဲဒီလို ဆာလောင်မှုကြောင့်အစားအစာစားသုံးခြင်းကကျန်းမာရေးနဲ့လည်းညီညွတ်မျှတပါတယ်။မဆာလောင်ဘဲစားသုံးခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာမှာကိုလည်းပူစရာမလိုတော့ပါဘူး။

ကျန်းမာသန်စွမ်းပြီး ချောမွေ့တောက်ပြောင်သောဆံပင်

ရေဓာတ်ခမ်းခြောက်တဲ့သူတွေမှာဆံကေသာကျန်းမာသန်စွမ်းမှုကိုအဟန့်အတားဖြစ်စေပါတယ်။ဒါ့အပြင်ဆံသားတွေကြွပ်ဆက်ပြီးကျွတ်လွယ်ပါတယ်။ဒါကြောင့်ဦးရေပြားကျန်းမာပြီးသန်စွမ်းပြီး ချောမွေ့တောက်ပြောင်တဲ့ဆံကေသာပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မနက်အိပ်ရာထချိန် အစာမစားခင်ရေ လုံလောက်စွာသောက်ပေးသင့်ပါတယ်။

ဒါကြောင့် ဖော်ပြခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိစေဖို့မနက်အိပ်ရာထထချင်းအစာမစားခင် ရေလုံလောက်စွာသောက်သုံးတဲ့ အလေ့အကျင့်ကောင်းလေးကိုမွေးမြူသင့်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*