ကိုယ့်အိမ်ပေါ်က ခြင် ၊ ယင် ၊ ပုရွက်ဆိတ် တို့ကို ဒီလို နည်းလမ်း လေးတွေနဲ့ မောင်းထုတ်ကြမယ် ….!

ပိုးဟပ်၊ပင်ကူ၊ပုရွက် ဆိတ်စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆိုရင်ဆေးနံ့ကအိမ်ထဲမှာစွဲကျန်ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်။ဒါကြောင့် သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကို သဘာဝနည်းအတိုင်းဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။

Boric Acid

ဘိုင်အို အက်စစ် နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူးလိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီးသူတို့သေသွားပါလိမ့်မယ်။


ပင်စိမ်းရွက်

ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကိုတံခါးပေါက်မှာချိတ်ဆွဲထားလိုက်ရင်ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ပုရွက်ဆိတ် နဲ့ပိုးဟပ် ဟာ ကြက်သွန်ဖြူကိုအရမ်းကြောက်ပါတယ်။ကြက်သွန်ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေတွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေအနားတောင်မကပ်ရဲပဲထွက်ပြေးသွားပါလိမ့်မယ်။ကြက်သွန်ဖြူဥ ခြောက်သွားပါက အသစ်ပြန်လဲပေးပါ။

ရှာလကာရည်

ရှာလကာရည် ဟာ အင်းဆက် ပိုးကောင် တွေကိုသေစေဖို့၊မောင်းထုတ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ဟင်းချက်ရာမှာထည့်သုံးဖို့အတွက် အန္တရာယ်ကင်းပေမယ့်အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။

ငရုတ်သီးမှုန့်

အိမ်တွင်းမှာစိုက်တဲ့ အပင် တွေကိုဒုက္ခပေးတဲ့ အင်းဆက် ပိုးကောင် တွေကိုငရုတ်သီးမှုန့်နဲ့နှိမ်နှင်းလို့ရပါတယ်။ဆေးဖြန်းပုံထဲမှာ ရေ၊ ငရုတ်သီးမှုန့်နဲ့ဆပ်ပြာရည်အနည်းငယ်ထည့်ပြီးအပင်ကိုဖြန်းပေးပါက ကပ်ညိနေသောအင်းဆက်ပိုးကောင်များကိုသေစေနိုင်ပါတယ်။

သံပုရာခွံ ၊လိမ္မာ်ခွံ ၊ရှောက်သီးခွံ

ထိုအခွံများဟာအင်းဆက်ပိုးများ အထူးသဖြင့် ပင့်ကူ များကိုထွက်ပြေးစေပါတယ်။ပင့်ကူတွေအိမ်လာစောက်တတ်တဲ့နေရာမှာ ထို အခွံ ကို သွားထားလိုက်ပါ။ ကျန်တာထို အခွံ ကကြည့်လုပ် ပါလိမ့်မယ်။ စီးထရက်သီးတွေကိုမုန်းတဲ့ အင်းဆက် ပိုးများ သင့် အိမ်ပေါ် ကဆင်းသွားပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*