
ဒီလှည့်ကွက်လေးတွေလုပ်ဖို့သင်လိုအပ်တာကတော့ အိမ်မှာရှိနေကျပစ္စည်းလေးတွေ၊ သုံးနေကျပစ္စည်းလေးတွေ နဲ့ လက်ရဲ့ကျွမ်းကျင်မှုလေးပဲလိုပါတယ်။
၁။ဘဲဥခွံကနေ မီးအိမ်ငယ်လေးလုပ်ပါ။
ဘဲဥကိုခွဲပီး အခွံကိုဖုန်းမီးပေါ်တင်ပါ။ ဒါတကယ့်ကိုအလုပ်ဖြစ်ပါတယ်။သင့်ကိုအမှောင်ထဲမှာအကူအညီဖြစ်စေမှာပါ။
၂။ရေစိုနေတဲ့ဖုန်းကိုဆန်အိတ်ထဲထည့်ထားပါ။
အရင်ဆုံးဖုန်းကို ပုဝါနဲ့သုတ်ပါ။ ဘတ်ထရီထုတ်ပါ။ ဆင်းကဒ်ထုတ်ထားပါ။ ပီးရင်ကျန်နေသေးတဲ့ရေတွေကိုလဲ ဖုန်စုပ်စက်နဲ့မှုတ်ပါ။ဖုန်းရဲ့တစ်ပိုင်းချင်းစီကို မိနစ် ၂၀ လောက်အခြောက်ခံပါ။ ပီးရင်ဖုန်းကိုဆန်အိတ်ထဲထည့်ပီးတစ်ညသိပ်ထားပါ။ ဒါဆိုရင် ဆန်ဟာ ဖုန်းမှာကျန်ရှိနေသေးတဲ့ ရေငွေ့အကျန်တွေကိုစုပ်ယူပေးပါလိမ့်မယ်။
၃။ရေစက်လေးကနေမှန်ဘီလူးဖြစ်အောင်လုပ်ပါ။
ဖုန်းကင်မရာပေါ် ရေစက်လေးတစ်စက်ကိုသေချာတင်ပါ။ ပီးရင် စာလုံးတဲ့စာရွက်တစ်ရွက်ကိုကင်မရာကနေကြည့်ပါ။ ဒီနည်းလမ်းဟာအလုပ်တော့ဖြစ်ပါတယ်။ ဒါမဲ့ရေစက်ဟာချက်ချင်းဆိုသလိုပဲကျသွားနိုင်ပါတယ်။ ပီးတော့ ရေစက်ကိုအဲ့လိုတင်လျက်ကြီးနဲ့စာဖတ်ဖို့ဆိုတာအဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် ဒီနည်းလမ်းလေးကိုတော့ ပုံအကြီးကြီးတွေရိုက်ချင်တဲ့အခါအသုံးပြုပါ။
၄။နားကြပ်ရဲ့ခလုတ်ကိုအသုံးပြုပီးဓာတ်ပုံရိုက်ပါ။
ဖုန်းထဲနားကြပ်ကိုတပ်၊ ကင်မရာဖွင့် ပီးရင်တော့ နားကြပ်ကြိုးပေါ်ကခလုတ်ကိုနှိပ်လိုက်ပါ။ ဒါတကယ့်ကိုအလုပ်လုပ်ပါတယ်။
၅။ရေအောက်ဓာတ်ပုံလိုရအောင် ကွန်ဒုံးကိုအသုံးပြုပါ။
ဒီလှည့်ကွက်ကလုံးဝကိုအလုပ်မဖြစ်ပါဘူး။ကွန်ဒုံးကရေစိမ့်မဝင်စေဘူးဆိုပေမဲ့ဖုန်းရဲ့အာရုံခံကိရိယာကအလုပ်မလုပ်တော့ပါဘူး။ အဲ့တာနဲ့ပဲ ဘာရေအောက်ဓာတ်ပုံမှရိုက်လို့မရခဲ့ပါဘူး။
၆။ညအလင်းရောင်လိုဖန်တီးဖို့ ဖုန်းမီးပေါ်ကိုရေဘူးတင်ထားပါ။
ဒါတကယ်ကိုအလုပ်ဖြစ်ပါတယ်။ ဒီအလင်းရောင်နဲ့စာဖတ်လို့တော့ရမှာမဟုတ်ပါဘူး။ ဒါမဲ့ ညဘက်မှာသင့်ကိုကောင်းကောင်းအိပ်ပျော်စေမှာပါ။
၇။သားရေပင်နဲ့တိပ်ကိုအသုံးပြုပီး “သုံးချောင်းထောက်” လုပ်ပါ။
တိပ်အကြီးတစ်ခွေကိုယူပါ။ ဖုန်းကိုအဲ့တိပ်ထဲထည့်ပါ။ ပီးရင် သားရေပင်တွေနဲ့ထိန်းပါ။ ကိုယ်ဓာတ်ပုံရိုက်ချင်တဲ့နေရာမှာအဲ့ဟာကိုထားပါ။ စမ်းကြည့်ရသလောက်တော့ဒါဟာအလုပ်ဖြစ်ပါတယ်။တကယ်လို့သင်ဟာ အဖွဲ့လိုက်ဓာတ်ပုံရိုက်ချင်တာပဲဖြစ်ဖြစ်၊ ဆဲလ်ဖီရိုက်ရတာကိုငြီးငွေ့နေပီဆိုရင်တော့ ဒီနည်းလေးကိုစမ်းကြည့်လိုက်ပါ။
၈။ဖုန်းမျက်နှာပြင်က အစင်းကြောင်း၊ခြစ်ရာတွေကို သွားတိုက်ဆေးနဲ့ရှင်းလင်းပါ။
ဒီလှည့်ကွက်ကအလုပ်မဖြစ်ပါဘူး။ သွားတိုက်ဆေးနဲ့မျက်နှာပြင်ကိုပွတ်တိုက်ခြင်းဟာ အစင်းကြောင်းတွေကိုပိုလို့တောင်ထင်သာမြင်သာဖြစ်စေပါတယ်။
၉။ပူဖောင်းကနေဖုန်းထည့်တဲ့ case တစ်ခုလုပ်ပါ။
အရင်ဆုံးပူဖောင်းကိုမှုတ်ပါ။ အရမ်းကြီးအောင်မှုတ်စရာမလိုပါဘူး။တစ်ဝက်လောက်ဆိုရပါပီ။ပီးရင် ဖုန်းကိုအဲ့ထဲကိုညှစ်ထည့်ပါ။ ဒါဆိုရင် အဆိုပါပူဖောင်းဟာဖုန်းကိုလက်အိတ်လိုပဲစွပ်သွားပါလိမ့်မယ်။ဒီလှည့်ကွက်ဟာတကယ့်ကိုအလုပ်ဖြစ်ပါတယ်။
၁၀။အညစ်အကြေးတွေ၊ ဖုန်တွေရှင်းလင်းဖို့ ဆေးထိုးအပ်ကိုအသုံးပြုပါ။
ဒီနည်းလမ်းကိုစမ်းသပ်ကြည့်ခဲ့ပါတယ်။ ဒါမဲ့ အပေါက်လေးတွေထဲကို လေသွင်းထည့်ပီးတဲ့အခါမှာ ဘာမှပြောင်းလဲသွားတာကိုမတွေ့ရပါဘူး။ ဒါကြောင့်ဒီလှည့်ကွက်ဟာဆိုရင်တော့ သင့်ဖုန်းကိုပိုပီးမသန့်ရှင်းသွားစေပါဘူး။
၁၁။လက်ချောင်းမှာအလူမီယမ်အပြားကပ်ထားပါ။
ဒီလှည့်ကွက်လေးကိုတော့ ဖုန်းမျက်နှာပြင်ကတုန့်ပြန်မှုမရှိတဲ့အခါ၊ သင်လက်အိတ်လဲဝတ်ထားမယ်ဆိုရင် ပြုလုပ်နိုင်ပါတယ်။ ဒီလှည့်ကွက်ကတကယ်ကိုအလုပ်ဖြစ်ပါတယ်။ ဖုန်းပြန်ဖြေဖို့၊ စာရိုက်ဖို့အတွက်ဆိုပီး လက်အိတ်ကိုလဲချွတ်စရာမလိုပါဘူး။
၁၂။စာရွက်ညှပ်ကလစ်ကိုသုံးပီး ဖုန်းထောင်ထားလို့ရအောင်လုပ်မယ်။
စမတ်ဖုန်းတွေဟာ ဖြေထားတဲ့စာရွက်ညှပ်ကလစ်ပေါ်မှာ သိပ်ကိုအံဝင်ခွင်ကျဖြစ်ပါတယ်။ အခုဆိုရင် ဖုန်းလဲကျမှာမစိုးရိမ်ရပဲဗီဒီယိုတွေကြည့်နိုင်ပီပေါ့။
၁၃။ဖုန်းကညစ်တံ(pen)ကိုသုံးမယ့်အစားဓာတ်ခဲကိုအသုံးပြုပါ။
ဓာတ်ခဲဟာဆိုရင် ကညစ်တံထက်ပိုကောင်းတဲ့အခြားနည်းလမ်းပါ။ ဒါအလုပ်လုပ်တယ်ဆိုတာကိုလဲစမ်းသပ်ပီးပါပီ။ ဖုန်းမျက်နှာပြင်ကို ဓာတ်ခဲ့ရဲ့ အနုတ်ဘက်နဲ့ထိပေးရုံပါပဲ။
Leave a Reply