သားသမီးအများစုဟာ မိခင်ထက် ဖခင်နဲ့ပိုတူရတဲ့အကြောင်းအရင်း

သားသမီးတွေမှာ မိဘနှစ်ဦးလုံးရဲ့မျိုးရိုးဗီဇပါဝင်တာမှန်ပေမဲ့ လူတွေအပါအဝင် နို့တိုက်သတ္တဝါအတော်များများဟာ ဖခင်ဖြစ်သူနဲ့ ပိုတူကြတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ သားသမီးတွေဟာ မိခင်နဲ့ဖခင်ဆီက မျိုးဗီဇတစ်ဝက်ဆီပါဝင်နေပေမဲ့ ဖခင်ဆီက မျိုးဗီဇလွှမ်းမိုးမှုက ပိုများတယ်လို့လည်း ဆိုပါတယ်။

၁။ သားလား၊ သမီးလားဆိုတာ ဖခင်အပေါ်မူတည်ပါတယ်။

မွေးလာတဲ့ကလေးရဲ့ လိင်အမျိုးအစားဟာ ဖခင်အပေါ်မူတည်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ အမှန် တကယ်ကတော့ ဖခင်ဆီကရတဲ့ သုတ်ပိုးအပေါ်မူတည်နေတာပါ။ ဖခင်ဆီသုတ်ပိုးဟာ X chromosome ကို သယ်ဆောင်လာမယ်ဆိုရင် မိခင်ရဲ့ X chromosome နဲ့ပေါင်းပြီး မိန်းကလေးမွေးဖွားမှာ ဖြစ်ပါတယ်။ ဖခင်ရဲ့ သုတ်ပိုးဟာ Y chromosome ဆိုရင်တော့ ယောကျာ်းလေးဖြစ်မှာပါ။

၂။ ဖခင်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အမွေခံရရှိကြပါတယ်။

ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးဟာ မိဘနှစ်ဦးလုံးနဲ့သက်ဆိုင်ပေမဲ့ ဖခင်ရဲ့လွှမ်းမိုးမှုက ပိုများပါသတဲ့။ JAMA Psychiatry မှာဖော်ပြထားတဲ့ လေ့လာသုံးသပ်ချက်အရ schizophrenia, hyperactivity disorder ဒါမှမဟုတ် attention deficit တို့လို အခြေအနေတွေဟာ ဖခင်ဆီကနေ သားသမီးဆီကို အမွေခံလာနိုင်ချေ ရှိပါတယ်။

၃။ ဖခင်ရဲ့အသွင်ပြင်ကို လက်ခံရရှိကြပါတယ်။

American Journal of Physical Anthropology မှာ ဖော်ပြထားချက်အရ သွားအရွယ်အစားနဲ့ အနေအထား၊ မေးရိုးပုံစံနဲ့ တခြားအသွင်ပြင် အတော်များများကို မိဘတွေဆီကနေ အမွေခံရရှိကြတာပါ။ ဒါပေမဲ့ သိပ္ပံပညာရှင် တွေကတော့ ဖခင်ရဲ့မျိုးဗီဇက အားပိုအောင်းတယ်လို့ ဆိုပါတယ်။ သားသမီးတွေဟာ ဖခင်နဲ့ရုပ်သွင်ချင်းတူနိုင် ချေ ပိုများကြတဲ့သဘောပါပဲ။

၄။ ဖခင်ဆီကနေ အရပ်အမောင်းကို အမွေခံရရှိကြပါတယ်။

အခြေခံအားဖြင့်ဆိုရင် ဖခင်အရပ်ရှည်ရင် သားသမီးလည်းအရပ်ရှည်လေ့ရှိပါတယ်။ Royal Devon and Exeter Hospital ရဲ့သုတေသန ပြုချက်မှာလည်း အဲဒီအချက်ကိုဖော်ပြထားပါတယ်။ အရပ်အမောင်းကသာ ဖခင်နဲ့တူတတ်ပြီး ကလေးရဲ့ပိန်ခြင်းဝခြင်းကတော့ မိခင်မျိုးဗီဇရဲ့ လွှမ်းမိုးမှုပိုများတယ်လို့လည်း ဆိုပါတယ်။

သားသမီးအများစုဟာ မိခင်ထက် ဖခင်နဲ့ပိုတူရတဲ့အကြောင်းအရင်းတွေထဲမှာ အခုထိ သိပ္ပံပညာရှင်တွေ အတည်မပြုနိုင်သေးတဲ့ အချက်တွေ၊ လေ့လာဆန်းစစ်ဆဲအချက်တွေလည်း ကျန်နေပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*