အရေပြားကျန်းမာရေထိခိုက်စေတဲ့အဓိကတရားခံထဲမှာဒီလိုအစားစာတွေလည်းပါတယ်ဆိုတာသင်သိပါသလား…

အစားမတော်တစ်လုတ်ဆိုသလိုပါပဲ… ဒီလိုအစားစာတွေကမထင်မှတ်ပဲအရေပြားကျန်းမာရေးကိုများစွာထိခိုက်စေပါတယ်…

1. သကြားဓာတ်လွန်ကဲသောမုန့်ပဲသရေစာများ


အချိုဓာတ်လွန်ကဲတဲ့ သရေစာတွေကိုစားသုံးခြင်းဟာ အရေပြားအပေါ်ကို မလိုအပ်ပဲ အဖုပိတ်တွေထွက်လာစေပါတယ်။ သကြားဓာတ်ဟာ လိုအပ်တဲ့ဆိုပင်မဲ့ အာဟာရဓာတ်နည်းပါးနဲ့မုန့်ပဲသရေစာချိုချိုတွေကတော့သင့်ရဲ့အရေပြားကျန်းမာရေကိုထိခိုက်စေနိုင်တာသတိပြုပါ/

2. အပူစပ်လွန်ကဲသောအစားစာများ


အပူအစပ်များတဲ့အစားသောက်တွေဟာ စားနေတုန်းတော့ ရူးရူးရှဲရှဲနဲ့စားကောင်းပင်မဲ့သင့်အရေပြားကို များစွာဆိုးဝါးစေပါတယ်။ အထူးသဖြင့်အပူစပ်လွန်ကဲတဲ့ ငရုတ်သီးများတဲ့အစားစာတွေကိုစားသုံးခြင်းဖြင့် အပူဖုလိုအစိလေးတွေတွေ၊ မိတ်ဖုလိုအနီရောင်အဖုလေးတွေပေါက်တတ်ပြီး အရေပြားကျန်းမာရေးကိုထိခိုက်စေပါတယ်။

3. အချိုဓာတ်လွန်ကဲသောသောက်စရာများ


အချိုရည်တွေကို များစွာသောက်သုံးခြင်းဟာလည်း ဒီလိုပါပဲ။ အချိုဓာတ်လွန်ကဲတဲ့အချိုရည်တွေဟာ အသားရည်ကို အိုမင်ရင့်ရော်စေပြီး ဆဲလ်အသစ်ထွက်လာမှုကိုနှောင့်နှေးစေတယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံကသိရှိရပါတယ်။

4. အသားဓာတ်လွန်ကဲခြင်း


အသားစားတာဟာ ပရိုတင်းဓာတ်ကို ကြွယ်ဝစေလို့ ကောင်းပါတယ်။ ဒါပင်မဲ့အသီးရွက်နဲ့မျှတစားသုံးခြင်းမရှိပဲ အသားကြီးပဲများများစားမိတဲ့သူတွေဟာ လွန်ကဲတဲ့ပရိုတင်းဓာတ်ကိုရရှိတာကြောင့် အဆီကျိတ်အဆီဖုတွေ ပေါက်တတ်ပြီး အသားရည်ပိုပြီးကြမ်းစေပါတယ်။

5. Coffee, Tea


Coffee , Tea တွေကို ဖြစ်နိုင်ရင်လျော့သောက်တာအကောင်းဆုံးပါပဲ။ ကဖိန်းဓာတ်တွေဟာ အသားရေကို အိုမင်ရင့်ရော်စေပြီး စိုပြေမှုနည်းပါးကာ ခြောက်သွေ့စေတတ်တာကြောင့် ဖြစ်နိုင်ရင်လျော့သောက်သင့်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*