အမဲသား ဝက်သားများ အစားများ၍ ဗိုက်ထဲမှ ၈ ပေကျော်ရှည်တဲ့ တုတ်ကောင်ကြီးဖြစ်ပေါ်လာတဲ့ အမျိုးသမီး

တရုတ် အမျိုးသမီးတစ်ဦးဟာ ဝမ်းဗိုက်အတွင်းမှာ ရှိတဲ့ (၈ ဒသမ ၂) ပေရှိတဲ့ တုတ်ကောင်ကို ဖယ်ရှားနိုင်ခဲ့ တယ်လို့သိရပါတယ်။ တရုတ် နိုင်ငံ၊ ဖူဂျီအန် ဒေသ မှာ နေထိုင်တဲ့ အသက် (၃၀)နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးဟာ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့မှာ မစင်စွန့်စဉ် ရှည်လျားလှတဲ့ တုတ်ကောင် တစ်ကောင်ကို စိုးရိမ် ထိတ်လန့်စွာနဲ့ ဆရာဝန်ကို သွားရောက်ပြသခဲ့ပါတယ်။

ဒီအမျိုးသမီးဟာ အမဲသား၊ ဝက်သားတွေကို စားသုံးခဲ့တာမို့ ဝမ်းဗိုက် အတွင်းမှာ တုတ်ကောင် တွယ်ကပ် ခဲ့ခြင်းဖြစ်ပြီး ရှည်လျားလှတဲ့ တုတ်ကောင်ကြောင့် နာမကျန်း ဖြစ်ခဲ့ရပါတယ်။ တုတ်ကောင် ဝမ်းဗိုက် အတွင်းရှိ နေစဉ် နာမကျန်းဖြစ်ခဲ့ပြီး တရုတ်ရိုးရာ ဆေးဝါးတွေကို သောက်သုံးခဲ့ပြီး နောက်ရောဂါဝေဒနာ သက်သာသွားခဲ့ခြင်းဖြစ်ပါ တယ်။

တုတ်ကောင် ရှည်ကို မြင်တွေ့ခဲ့ပြီးတဲ့ နောက် စိုးရိမ်ကြောက်လန့်မိကြောင်း မစ္စလီက ဆိုခဲ့ပါတယ်။ ဆရာဝန်တွေက မစ္စလီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်း က အရှေ့တောင် အာရှ နိုင်ငံတွေဆီ သွားရောက်စဉ် မကျက်သေးတဲ့ အမဲသားတွေကို စားသုံးခဲ့လို့ တုတ်ကောင်တွယ်ကပ်ခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်ပြော ကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*