ဇာတ်ရုပ်ပီပြင်ဖို့ ကိုယ့်ခန္ဓာကိုယ်ကိုပါ ထိခိုက်လုမတက်ကြိုးစားခဲ့ကြတဲ့အနုပညာရှင်များ

ကိုယ်တွေသဘောကျနှစ်သက်ရတဲ့အကြမ်းအရမ်းအက်ရှင်ကားတွေ၊စိတ်လှုပ်ရှားစရာဇာတ်ကားတွေဖြစ်လာအောင်ဖန်တီးဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ဒါရိုက်တာတွေကလည်း သေချာရိုက်ကူးပြီး မင်းသား၊မင်းသမီးတွေကလည်း တကယ့်အစစ်အမှန်ကြိုးစားကြလို့သာ ကိုယ်တွေက ဟင်ခနဲ၊ဟာခနဲဖြစ်ရလောက်တဲ့ဇာတ်ကားတွေဖြစ်လာတာပါ။ဒီလိုအကောင်းဆုံးဇာတ်ကားတွေဖြစ်လာဖို့ ဇာတ်ကားနောက်ကွယ်ကအကြောင်းတွေကလည်းစိတ်ဝင်စားစရာပါ။ဇာတ်ကောင်အသွင်ပီပြင်စေဖို့ ခန္ဓာကိုယ်ပါထိခိုက်ခံပြီးကြိုးစားခဲ့ကြတဲ့အနုပညာရှင်တွေရှိနေပါတယ်တဲ့။ဘယ်အနုပညာရှင်တွေက ဘယ်ဇာတ်ကားအတွက်အပီအပြင်ကြိုးစားခဲ့ကြတာလဲဆိုရင်…

Matthew McConaughey

၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Dallas Buyers Club ဇာတ်ကားမှာ မင်းသား Matthew McConaughey ပါဝင်ခဲ့ပြီး အဲ့ဒီဇာတ်ရုပ်ပုံဖော်ဖို့အတွက် လေးပတ်တည်းနဲ့ ပေါင် ၅၀နီးပါးချခဲ့ရပါတယ်။ဇာတ်ကားပြီးလို့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့ပေမဲ့ စိတ်အခြေအနေကတော့ သိပ်ပြီးပုံမှန်မဟုတ်ပဲတောင်စဉ်ရေမရဖြစ်ခဲ့ရတယ်လို့ဝန်ခံခဲ့ဖူးပါတယ်။ဒီလိုကြိုးစားမှုကြောင့်လည်း အော်စကာဆုနဲ့ထိုက်တန်ခဲ့တာပါ။

Tom Hanks

Cast Away ဇာတ်ကားဇာတ်ရုပ်အတွက် ကိုယ်အလေးချိန် ၁တန်နီးပါးချခဲ့ရပါတယ်။ဒါ့အပြင် ဒီလိုဝိတ်အလွန်အကျွံလျှော့ချမှုကြောင့် အမျိုးအစား၂ဆီးချိုရောဂါတောင်ခံစားခဲ့ရတယ်လို့သိရပါတယ်။

Jackie Chan

Jackie Chan ဟာ ရုပ်ရှင်ဇာတ်ကားအများစုမှာ ကိုယ်တိုင်ပဲစတန့်ပြကွက်တွေရိုက်ကူးတာပါ။ဘယ်လောက်အန္တရာယ်များများလူစားမထိုးပဲကိုယ်တိုင်ရိုက်ကူးတာကြောင့် ဒဏ်ရာအနာတရဖြစ်မှုတွေက ရေတွက်လို့တောင်မရနိုင်ပါဘူး။ရိုက်ကွင်းတစ်ခုမှာဆိုရင် ဒဏ်ရာအပြင်းအထန်ရခဲ့လို့ ချက်ချင်းအရေးပေါ်ကုသခဲ့ရပါတယ်။

Matt Damon

Courage Under Fire ဇာတ်ကားရိုက်ကူးဖို့အတွက် ရက် ၁၀၀အတွင်း Matt Damon ဟာ ပေါင် ၄၀ လျှော့ချခဲ့ရပြီး သူ့ရဲ့ သွေးတွင်းသကြားဓာတ်ဟာလည်း အမြဲလိုလိုမတူညီခဲ့ပါဘူး။မနက်ဆို ၆မိုင်ပြေးရပြီးညဘက်မှာတော့ ၆မိုင်ကျော်ပြေးပြီး ဇာတ်ရုပ်ပီပြင်ဖို့ကြိုးစားခဲ့ရပါတယ်။

Viggo Mortensen

The Lord Of The Rings: The Two Towers ဇာတ်ကားထဲက ကင်မရာနေရာကိုတည့်တည့်ချိန်ပြီး ဆိုင်ကယ်လ်ဦးထုပ်ကိုကန်ရတဲ့အခန်းမှာဒါရိုက်တာက တစ်ကြိမ်မက ပြန်လည်ရိုက်ကူးခဲ့တာကြောင့် Viggo ရဲ့ခြေချောင်း၂ချောင်းကျိုးသွားခဲ့တယ်လို့သိရပါတယ်။

Brad Pitt

Se7en ဇာတ်ကားမှာဆိုရင် Brad တစ်ယောက် ကားမတော်တဆမှုဇာတ်ဝင်ခန်းကြောင့် ရိုက်ကူးနေရင်းလက်ကောက်ဝတ်မှာ အတော်လေးထိခိုက်သွားခဲ့ရပါတယ်။သူ့ရဲ့ လက်မောင်းထိခိုက်ကျိုးပဲ့သွားတာကြောင့် ရိုက်ကူးသူတွေက ဇာတ်ညွှန်းကိုအနည်းငယ်ပြောင်းလဲမှုတွေလုပ်ခဲ့ရပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*