
ဆံပင်တွေကျွတ်တာဟာသိပ်ကိုမုန်းတီးနှမြောဖို့ကောင်းတဲ့အရာကြီးပါပဲ… 🙁
1. ဆံပင်အတွက်မှန်ကန်တဲ့ထုတ်ကုန်မျိုးကိုသာအသုံးပြုပါ
ကိုယ့်ဆံသားနဲ့သင့်တော်တဲ့ ခေါင်းလျှော်ရည်မျိုး၊ ခေါင်းလိမ်းဆီမျိုးကိုသာသုံးပါ။ ဈေးကြီးတာ ဈေးနည်းတာနဲ့မဆိုင်ပဲ ကိုယ့်ဆံသားနဲ့ကိုက်ညီမဲ့အရာမျိုးကိုရွေးချယ်သုံးတတ်ပါစေ။
2. စိတ်ဖိစီးမှုကိုလျော့ချပါ
စိတ်ဖိစီးမှုများလွန်းအားကြီးရင်ဆံသားတွေကပိုပြီးအကျွတ်မြန်စေပါတယ်။ ဒါကြောင့်ဆံသားကျွတ်ခြင်းကို အမှန်တကယ်လျော့ချချင်ရင် စိတ်ဖိစီးမှုတွေကိုလည်းတတ်နိုင်သမျှဖြေလျော့ပေးဖို့လိုပါတယ်။
3. ခေါင်းမခြောက်သေးခင်မှာ မဖြီးပါနဲ့(လုံးဝ)
ခေါင်းမခြောက်သေးခင် ရေစိုစိုကြီးဖြစ်နေချိန်မှာခေါင်းလုံးဝမဖြီးပါနဲ့။ ဆံသားကို အမှန်တကယ်ပျက်စီးစေတဲ့အပြင် မခြောက်သေးပဲသုတ်တာဟာသိပ်ကိုဆံပင်အကျွတ်များစေပြီးကြာရင် ထိပ်ကွက်သွားတာမျိုးတွေထိဖြစ်လာနိုင်ပါတယ်။
4. ခေါင်းလျှော်တဲ့အခါရေကို မှန်မှန်ကန်ကန်ရွေးချယ်ပါ
ခေါင်းလျှော်တဲ့အခါရေကို အရမ်းပူတာကြီးနဲ့လည်းမလျှော်မိပါစေနဲ့။ဦးရေပြားဆိုတာနုနုလေးပါ။ ဒီလိုနုယွလှတဲ့ဦးရေးပြားကို အရမ်းပူလွန်းတဲ့ရေတွေ၊ ပူလွန်းတဲ့ခေါင်းလျှော်ရည်တွေနဲ့လျှော်တာမျိုးမလုပ်မိပါစေနဲ့။
5. ကြက်ဥနဲ့ပေါင်းတင်ပေးပါ
ကြက်ဥနဲ့ပေါင်းတင်ပေးပါ၊ ကြက်ဥနဲ့ပေါင်းတင်ပေးခြင်းဟာဆံသားကို ပိုမိုသန်မာလာပြီးနက်မှောင်စေတာအမှန်ပါပဲ။ ဒါပင်မဲ့ကြက်ဥမှာပါတဲ့ဓာတ်တွေဟာဆံသားသာသန်စွမ်းစေပင်မဲ့ ခဏခဏလုပ်ရင်ဆံသားကိုနူးညံ့ခြင်းမရှိတော့တာကြောင့်တစ်ပတ်တစ်ခါလောက်သာလုပ်ပေးသင့်ပါတယ်။
Leave a Reply