လုံးဝလက်မထပ်သင့်တဲ့ အပျိုကြီး၊ လူပျိုကြီးကံပါလာတဲ့ ရာသီခွင် (၄) ခု

လူတိုင်းလိုလိုဟာ တစ်နေ့ကျရင် ချစ်သူနဲ့လက်ထပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်လေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဒါပေမယ့်လည်း တစ်ချို့လူတွေကတော့ အဲလိုမတွေးကြပါဘူး။ ခုဖော်ပြမယ့် ရာသီခွင် ၄ ခုဟာ အရမ်းချစ်တတ်တဲ့သူတွေ ဖြစ်ရင်လည်းဖြစ်မယ်။ ဒါပေမယ့် လက်ထပ်ဖို့တော့ လုံးဝမသင့်တော်ပါဘူး။ ဘယ်ရာသီခွင်တွေလဲ ကြည့်လိုက်ပါဦး။


(၁) Aries (March 21 – April 19)

သူတို့တွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စံချိန်စံညွှန်းတွေကို သတ်မှတ်ထားတတ်ကြပါတယ်။ သူတို့တွေဟာ သူတို့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီရင် လူတစ်ယောက်ကို အလွယ်တကူ လက်လျှော့တတ်ကြပါတယ်။ သင်ဟာ တခြားသူရဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ တစ်သက်လုံး နေနိုင်လို့လား။ မနေနိုင်ရင်တော့ ဒီရာသီခွင်တွေကို ရှောင်ပါ။

(၂) Gemini (May 21 – June 20)

သူတို့တွေဟာ အရမ်းဖော်ရွေသလို အရမ်းလည်း အပေါင်းအသင်းဝင်ဆံ့တာကြောင့် သူတို့အနားမှာနေရတာ ပျော်စရာကောင်းနေမှာပါ။ အပေါင်းအသင်းဝင်ဆံ့တယ်ဆိုတဲ့နေရာမှာ သူတို့ရဲ့အပေါင်းအသင်း အများစုက သူတို့နဲ့ အီစီကလီတွေ ဖြစ်နေတတ်တဲ့အပြင် သူတို့က မြာပွေတတ်ကြပါတယ်။ လွတ်လပ်မှုနဲ့ အချုပ်အနှောင်ကင်းကင်းနေရတာကို နှစ်သက်တာကြောင့် ထိန်းချုပ်ရခက်သလို ဒီလိုဗီဇကို လွယ်လွယ်နဲ့ စွန့်လွှတ်မှာ မဟုတ်တာကြောင့် လက်မထပ်သင့်တဲ့သူတွေ ဖြစ်ပါတယ်။

(၃) Sagittarius (November 22 – December 19)

ဒီရာသီခွင်တွေဟာ လွတ်လပ်မှုကို အရမ်းမြတ်နိုးပါတယ်။ သူတို့မှာ သူငယ်ချင်းတွေအများကြီးရှိသလို ချစ်သူထက် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာ ပိုကြိုက်ပါတယ်။ သူတို့တွေဟာ ချစ်သူကို ရှိတယ်လို့တောင် မထင်လောက်အောင် သူငယ်ချင်းတွေနဲ့ဆို အပျော်လွန်နေတတ်တာကြောင့် သူတို့ကိုလက်ထပ်လိုက်ရင် အမြဲတမ်း အထီးကျန်သိမ်ငယ်မှုကို ခံစားနေရပါလိမ့်မယ်။

(၄) Aquarius (January 20 – February 18)

ဒီရာသီဖွားတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်မပြတတ်တဲ့သူတွေပါ။ စစတွဲချင်းမှာတော့ သူကအသည်းအသန်ချစ်ပြကောင်းချစ်ပြမယ်၊ ကြာလာတဲ့အခါ အေးတိအေးစက်ဖြစ်လာပြီး တိတ်ဆိတ်မှုကသာ ကြီးစိုးသွားမှာပါ။ မချစ်တော့လို့ဆိုတာထက် သူ့ရဲ့ဗီဇကိုက ဒီလိုဖြစ်နေတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*