
မိန်းကလေးတွေအတွက်က ဈေးဝယ်တာနဲ့ ဥပမာပေးပြီးတဲ့နောက် အခုယောကျာ်းလေးတွေအတွက် ဟင်းချက်တာလေးနဲ့ နမူနာပြပါ့မယ်။
အသက် ၂၀ ဝန်းကျင်
ဒီအသက်အရွယ်ကတော့ ဈေးကဝယ်လာတဲ့ အသားလိုပါပဲ။ အတုံးလိုက်အတစ်လိုက်ပဲ ရှိပါသေးတယ်။ ချက်စားဖို့အတွက် ခုတ်ထစ် ရပါအုန်းမယ်။
အသက် ၂၅ ဝန်းကျင်
ဒီအသက်အရွယ်ကတော့ ဟင်းချက်ဖို့ အသင့်ပြင်ဆင်ထားသလိုပါပဲ။ တစ်လုတ်စာအရွယ်ကလေးတွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသင့်နှပ်ထားတဲ့ အဆင့်ရောက်နေပါပြီ။
အသက် ၃၀ ဝန်းကျင်
ဒီအသက်မှာဆိုရင်တော့ ဟင်းစချက်နေပါပြီ။ နူးအောင်လို့ ထည့်ထားတဲ့ရေဟာခန်းလို့ နောက်တရေကို ထပ်ထည့်ရတော့မယ့် အနေအထားပါ။
အသက် ၃၅ ဝန်းကျင်
ခုချိန်ကတော့ ထည့်ထားတဲ့အသားက နူးစပြုနေပါပြီ။ စသုံးဆောင်မယ်ဆိုရင် သုံးဆောင်လို့ရပါပြီ။
အသက် ၄၀ ဝန်းကျင်
ဟင်းကျက်ပါပြီ။ ဒီအချိန်စားမယ်ဆို အရသာရှိတဲ့ ဟင်းကောင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။ လေး ဆယ်ကျော်အချစ်ရဲ့ အစပေါ့။
အသက် ၄၅ ဝန်းကျင်
ဒီအချိန်မှာတော့ အသားတွေက နူးအိနေပါပြီ။ ခုချိန်မှာ ချက်ထားတဲ့ဟင်းအိုးကို မီးဖိုပေါ်ကချဖို့လိုနေပါ ပြီ။ တော်ကြာ ဆီမကျန် ရေမကျန်ဖြစ်တော့မှာပါ။
အသက် ၅၀ ဝန်းကျင်
ဒီအချိန်ကတော့ တူးနံ့စထွက်နေပါပြီ။ ဆီလည်းကုန်ခါနီး ရေလည်းမရှိတော့ပါဘူး။ ကြိတ်မှိတ်ပြီး စားချင်တဲ့ လူ အနည်းငယ်သာ ရှိပါတော့တယ်။
အသက် ၆၀ ဝန်းကျင် ခုအနေအထားကိုသာ ပန်းကန်ထဲထည့်ထားလို့ကတော့ ဟင်းခွက်ကိုနှိက်ချင် တဲ့လူ တော်တော်ရှားသွားပါပြီ။
Leave a Reply