မိန်းကလေးတစ်ယောက် အပျိုကြီးဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းများ

ခုခေတ်မှာ လူငယ်တွေဟာ အိမ်ထောင်ပြုဖို့ကို ငြင်းဆိုလာတတ်ကြပါပြီ။ ဟိုအရင်ခေတ်တွေတုန်းကလို အချိန်တန် အိမ်ထောင်ပြုရမယ်ဆိုတဲ့ အယူအဆတွေဟာလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာခဲ့ပါပြီနော်။ လူငယ်တွေထဲမှာမှ မိန်းကလေးတွေ အိမ်ထောင်မပြုပဲ အပျိုကြီဖြစ်သွားရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ရှိလို့နေပါတယ်။ ဘယ်လိုအချက်တွေက မိန်းကလေးတစ်ယောက်ကို အပျိုကြီးဖြစ်သွားစေတာလဲ။

တစ်ယောက်တည်း နေရတာကို ခုံမင်သွားလို့


လူတွေဟာ အစပိုင်းမှာတော့ တစ်ယောက်တည်း နေရမှာကို အရမ်းကြောက်တတ်ကြပါတယ်။ သူတို့စိတ်ထဲမှာ တစ်ယောက်တည်းနေရတာဟာ အရမ်းအထီးကျန်ဆန်ပြီး ဝမ်းနည်းစရာကောင်းတယ်လို့ ထင်နေမိကြတဲ့ အတွက်ကြောင့်ပေါ့။ ဒါပေမယ့် တစ်ချို့လူတွေကတော့ တစ်ယောက်တည်း နေရတာကို ပိုသဘောကျတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်း ဖြတ်သန်းကြည့်တဲ့အခါ ကိုယ့််ကိုယ်ကို အနားပေးသလို၊ အေးချမ်းမှုကို ခံစားရစေပြီး ကိုယ်လုပ်ချင်တာကိုလည်း လုပ်လို့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မိန်းကလေးတွေဟာ တစ်ယောက်တည်း နေရတဲ့အရာသာကို သေချာသိသွားခဲ့ရင် တော်ရုံနဲ့ အိမ်ထောင်ပြုဖို့ မလွယ်တော့ပါဘူး။

အမှီအခိုကင်းကင်း ရပ်တည်တတ်သူ ဖြစ်နေလို့

တစ်ချို့မိန်းကလေးတွေက ထက်မြက်တယ်၊ တော်တယ်၊ ကိုယ့်ကိုယ်ကို အားကိုးချင်စိတ်အပြည့်ရှိတယ်။ ဒီလိုမိန်းကလေးမျိုးတွေဆိုတာ သူတို့ဘဝမှာ မှီခိုဖို့အတွက် တစ်စုံတစ်ယောက်ကို သူတို့ဘဝထဲ ဆွဲခေါ်လိုက်ရတယ်ဆိုတာမျိုး မရှိနိုင်ပါဘူး။ တကယ်ချစ်မိသွားရင်တော့ တစ်မျိုးပေါ့ ဒါပေမယ့် သူတို့ဘဝအတွက် တစ်စုံတစ်ယောက် လိုအပ်တယ်ဆိုတာကိုတော့ သူတို့ဘယ်လိုမှ သဘောမတူတတ်ကြတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့်ပဲ မိန်းမတစ်ယောက် အရမ်း ထက်မြက်ပြီး တော်လာရင် လက်တွဲဖော်ကောင်း ရှားလာတတ်တဲ့ ဆိုတဲ့ စကားရှိတာ အလကားမဟုတ်ပါဘူးနော်။

အချစ်စစ်ဆိုတာကို မယုံကြည်လို့


ခုခေတ်မှာ အချစ်တွေပေါသလောက် တကယ့်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကတော့ အရမ်းရှားပါးတဲ့ အရာတစ်ခုပါ။ ဒီလိုမျိုး ပေါပေါလောလော ရတဲ့ အချစ်တွေကြောင့် အချစ်စစ်ဆိုတာ တကယ်မရှိနိုင်ဘူးလို့ မှတ်ယူထားတဲ့ အချက်တွေကြောင့် မိန်းကလေးတွေဟာ အပျိုကြီးဘဝကိုပဲ ရွေးချယ်တတ်ကြပါတယ်။

ပတ်ဝန်းကျင်မှာ မြင်တွေ့ရတာတွေကြောင့်

ခုခေတ်မှာ အရမ်းကို များတဲ့ ဖောက်လွဲဖောက်ပြန်မှုတွေ၊ သစ္စာမရှိမှုတွေကို သူတို့ပတ်ဝန်းကျင်မျာ တွေ့မြင်နေရတဲ့အခါ အိမ်ထောင်ပြုဖို့ဆိုတာကို ကြောက်လာတတ်ကြပါတယ်။ သူတို့ရွေးချယ်လိုက်တဲ့သူဟာလည်း ဒီလိုဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးနဲ့ တစ်ယောက်တည်း နေတာက ပိုအဆင်ပြေအုံးမယ်လို့ တွေးထင်လိုက်တတ်ကြတာကြောင့် ဖြစ်ပါတယ်။

ရိုးရာဓလေ့ ရှေးရိုးစွဲတွေကို ယုံကြည်သူမဟုတ်လို့

မိ်န်းကလေးဆိုတာ အချိန်တန်ရင် အိမ်ထောင်ပြုရမယ်၊ အားကိုးဖော်ရှာရမယ်ဆိုတဲ့ ရှေးရိုးစွဲအဆိုတွေကို လုံးဝလက်မခံတတ်တဲ့ သူတွေဖြစ်ပြီး မိန်းကလေးနဲ့ ယောကျာ်းလေး တန်းတူရင်ဘောင်တန်းနေတဲ့ခေတ်မှာ ဒါတွေမလိုအပ်ဘူးလို့ တွေးထားသူတွေပါ။ သူတု့ိရဲ့ဘဝကို လွတ်လွတ်လပ်လပ်နဲ့ အကောင်းဆုံး ဖြတ်သန်းချင်ကြတဲ့ သူတွေဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*