ပုရိသတွေရဲ့စိတ်ကို အဆွဲဆောင်နိုင်ဆုံး မိန်းကလေးပုံစံ (၅) မျိုး

မိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေဟာ တွေးခေါ်ပုံချင်း၊ အမြင်ချင်းမတူကြပါဘူး။ မိန်းကလေးတွေက ကိုယ်သဘောကျတဲ့ ယောကျာ်းလေးတစ်ယောက် ကိုယ့်ကိုစိတ်ဝင်စားလာဖို့၊ ပြန်ပြီး သဘောကျလာဖို့အတွက် ခက်ခဲပြီးရှုပ်ထွေးတဲ့နည်းလမ်းတွေကို လိုက်စဉ်းစားနေတဲ့အချိန်မှာ ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေရဲ့ ဒီလိုမျိုး ရိုးရှင်းတဲ့အချက်လေးတွေကို သဘောကျနေကြတာမျိုးပါ။

(၁) မိတ်ကပ်နည်းနည်းလေးပဲလိမ်းထားတာမျိုး

မိန်းကလေးတွေက မျက်နှာကိုအသေးစိတ်ခြယ်သတာက ဆွဲဆောင်မှုရှိတယ်လို့ ယူဆပြီး မိတ်ကပ်တွေတစ်ထပ်ပြီးတစ်ထပ်လိမ်းနေတဲ့အချိန်မှာ ယောကျာ်းလေးတွေက မိတ်ကပ်နည်းနည်းနဲ့ သဘာဝပုံစံမျိုးကို လိုက်ငေးနေတာပါ။

(၂) ကျန်းမာတဲ့ခန္ဓာကိုယ်ပုံစံရှိတဲ့သူ

မိန်းကလေးတွေစိတ်ထဲမှာ ခါးသေးရင်ချီ လှယဉ်ကျေးမယ် ခန္ဓာကိုယ်မျိုးက ဆွဲဆောင်မှုရှိတာမျိုးလို့ ထင်နေပေမယ့် တကယ်တမ်းယောကျာ်းလေးတွေက အချိုးအစားလှတာမလှတာထက် ကျန်းမာသွက်လက်တဲ့ပုံစံမျိုးကို သဘောကျကြတာပါ။

(၃) နေရာဒေသနဲ့လိုက်ဖက်တဲ့အဝတ်အစားဝတ်တတ်သူ

မိန်းကလေးတွေက sexy ကျတဲ့ဖက်ရှင်တွေ၊ တန်ဖိုးကြီးအဝတ်အစားတွေက ယောကျာ်းလေးတွေရဲ့ အာရုံကိုဖမ်းစားနိုင်လိမ့်မယ်လို့ တွေးနေပေမယ့် ယောကျာ်းလေးတွေစိတ်ထဲမှာတော့ နေရာဒေသနဲ့လိုက်ဖက်တဲ့ အဝတ်အစားမျိုး ဝတ်ထားတဲ့မိန်းကလေးတွေကို ပိုသဘောကျတတ်တာပါ။

(၄) သန့်ရှင်းတဲ့ဆံကေသာရှိတဲ့သူ

မိန်းကလေးတွေက ဆန်းပြားတဲ့ဆံပင်ပုံစံတွေ၊ ထူးခြားတဲ့ဆံပင်အရောင်တွေက ဆွဲဆောင်မှုကိုတိုးစေတယ်လို့ ထင်နေတတ်ကြပေမယ့် ကျန်းမာသန့်ရှင်းတဲ့ဆံကေသာမျိုးရှိတဲ့မိန်းကလေးတွေကို ယောကျာ်းလေးတွေက သဘောတကျနဲ့လိုက်ငေးတတ်တာပါ။

(၅) ကြည်လင်တဲ့အသံနဲ့ပြောတတ်သူ

မိန်းကလေးတွေက အသံတိုးတိုးလေးနဲ့ အိညက်အိညက်ပြောနေတာမျိုးကို ယောကျာ်းလေးတွေသဘောကျတယ်ဆိုပြီး ထင်နေပေမယ့် တကယ်တမ်းမှာ စကားပြောတဲ့အခါ အသံမတိုးလွန်းမကျယ်လွန်းဘဲ ကြည်လင်တဲ့အသံမျိုးနဲ့ ပြောတတ်တဲ့မိန်းကလေးမျိုးကို ပိုသဘောကျတတ်ကြတာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*