
တစ်ပတ်တာအားလပ်ရက်လေးဖြစ်တဲ့ စနေတနင်္ဂနွေမှာ ကိုယ့်အလှအပနဲ့ပတ်သက်ပြီးဘာတွေလုပ်ဖြစ်ကြလဲ ပျိုမေတို့ရေ။တစ်ပတ်လုံးလုံးမိတ်ကပ်တွေတင်ထားတဲ့ကိုယ့်မျက်နှာလေးကို ဖူးစင်နုအိနေအောင် အားလပ်ရက်လေးမှာပေါင်းမတင်ချင်ကြဘူးလား။ပျိုမေတို့အတွက် လွယ်ကူတဲ့နည်းလမ်းလည်းဖြစ်၊ထိရောက်မှုလည်းအရှိဆုံးဖြစ်တဲ့ DIY Face mask လေးအကြောင်းမျှဝေပေးမယ်ဆိုရင် စိတ်မဆိုးလောက်ဘူးထင်ပါရဲ့။
ဒီတော့တစ်ပတ်တာအားလပ်ရက်၊ပိတ်ရက်လေးမှာ ကိုယ့်အတွက်အကျိုးရှိအောင်လည်းလုပ်ပေးကြပါလို့တိုက်တွန်းရင်း mask လုပ်နည်းလေးတွေဖော်ပြပေးလိုက်ပါတယ်။ထိရောက်တဲ့နည်းလမ်းလေးတွေဖြစ်လို့ ပစ္စည်းလေးတွေကတော့ အစုံအလင်လိုအပ်ပါတယ်။
Diy Strawberry face mask
ဒိန်ချဉ် ခွက်လေးပုံတစ်ပုံ
ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်း
စတော်ဘယ်ရီငါးလုံး (ညက်နေအောင်စက်ထဲကြိတ်မွှေ)
chia မှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း
ပြုလုပ်ပုံကတော့…
ပန်းကန်လုံးအသေးလေးတစ်လုံးယူပါ။ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီးရောမွှေပါ။အားလုံးနှံ့စပ်အောင်မွှေပြီးသွားတဲ့အခါ မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးထားရုံပါပဲ။နှစ်မိနစ်လောက် မျက်နှာကိုညင်ညင်သာသာ ပွတ်ပေးပါ။၁၅မိနစ်ကြာတဲ့အခါမှတော့ ကြက်သီးနွေးရေလေးနဲ့မျက်နှာကိုသန့်စင်ပေးပါ။တစ်ပတ်ကိုတစ်ခါလောက် ဒီနည်းလေးလုပ်ပေးကြည့်နော်။အရင်ကထက် မျက်နှာလေးကြည်လင်ဖွေးအုလာတာကိုသတိထားမိပါလိမ့်မယ်။
Diy Chocolate face mask
အရေပြားဆဲလ်သေတွေကိုဖယ်ရှားပေးဖို့အတွက် ဒီနည်းလေးကအကောင်းဆုံးပါပဲ။ပါဝင်ပစ္စည်းတွေကတော့…
ငှက်ပျောသီး တစ်ခြမ်းကြိတ်ချေပြီးသား
အုန်းဆီစားပွဲတင်ဇွန်းတစ်ဇွန်း
ချောကလက်မှုန့် စားပွဲတင်ဇွန်းတစ်ဝက်
ဘယ်လိုပြုလုပ်ရမလဲဆိုရင်…ပန်းကန်လုံးအသေးတစ်လုံးယူပါ။ပြီးရင်အားလုံးကိုထည့်ပြီးရောမွှေပါ။အားလုံးပြီးတဲ့အခါ သန့်စင်ပြီးသားမျက်နှာပေါ်ကို လိမ်းပေးရုံပါပဲ။၁၅မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးဆွတ်ထားတဲ့အဝတ်စလေးနဲ့ ဖြည်းဖြည်းချင်းမျက်နှာကိုသန့်စင်ပေးပါ။
Diy Cucumber face mask
သခွားသီးရဲ့အကျိုးကျေးဇူးကတော့အားလုံးသိပြီးသားပါ။ရေဓာတ်ပြည့်ဝပြီးအေးမြစေလို့ အသားအရည်အတွက်မရှိမဖြစ်ပါပဲ။
သခွားသီးmask လုပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့…
သခွားသီးတစ်ဝက်ခြစ်ပြီးသား
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ဇွန်း
သံလွင်ဆီစားပွဲတင်ဇွန်း ၁ဇွန်း
ပြုလုပ်ပုံကတော့…အပေါ်ကနည်းတွေအတိုင်းပန်းကန်လုံးအသေးထဲကို အကုန်စုထည့်ပြီးမွှေပါ။ပြီးရင် မျက်နှာပေါ်ကို လိမ်းထားပြီး မိနစ် ၂၀လောက်ထားပါ။မိနစ် ၂၀ပြည့်ရင်တော့ ရေနွေးနွေးလေးဆွတ်ထားတဲ့အဝတ်လေးနဲ့ မျက်နှာကိုသန့်စင်ပွတ်တိုက်ပေးရုံပါပဲ။
Leave a Reply