အတင်းကြီး ကြိုးစား လုပ်ဆောင်စရာမလိုပဲ သင့်စိတ်ဖိစီးမှုတွေ လျော့နည်းသွားချင်တယ် ဆိုရင်

နေ့စဉ်ဘဝမှာ မဖြစ်မနေ လှုပ်ရှားသက်ဝင်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး စတဲ့ အရေးပေါင်းများစွာကြား သင်ဟာ စိတ်ဖိစီးမှု၊ ငြီးငွေ့ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ခံစားဖူးပါလိမ့်မယ်။ ဒီလိုအချိန်တွေမှာ အဲ့ဒီစိတ်ဖိစီးမှုဆိုတဲ့ အရာကြီးကို တွန်းဖယ်ပြီး လန်းဆန်းတက်ကြွစွာ ပြန်လည်နေထိုင်ချင်ရင်တောင် အဲ့ဒီအရာကြီးက ခပ်လွယ်လွယ်တွန်းထုတ်ဖယ်ခွာနိုင်တာမျိုး မဟုတ်တာကြောင့် တစ်ဖြည်းဖြည်း နည်းပါးသွားအောင် ဘာလုပ်ရမယ်ဆိုတာလေး ပြောပြပေးချင်ပါတယ်။ သင့် ဦးနှောက်ထဲက dopamine ဓာတ်ကိုမြှင့်တင့်ပေးနိုင်ပြီး နောက်တစ်ကြိမ် အပြုံးပန်းတွေ ဝေလာနိုင်စေဖို့ လုပ်ဆောင်ရမယ့် အချက်တွေက

၁။ လှုပ်ခါ၊ ခုန်ဆွပေးပါ။

သီချင်းတွေဖွင့်ပြီး ကပစ်လိုက်ပါ။ ခုန်တာမျိုးလည်း ရပါတယ်။ ပြေးတာမျိုးဆိုလည်း ဖြစ်ပါသေးတယ်။ လေ့ကျင့်ခန်း ပင်ပင်ပန်းပန်း မလုပ်သည့်တိုင်အောင် ခုနပြောတဲ့အရာတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။ တစ်မိနစ် အနည်းဆုံးကြာအောင် သင့်နှလုံးခုန်သံအတွက် အလုပ်ပေးလိုက်ပြီဆိုရင် ခုနပြောတဲ့ စိတ်ဖိစီးမှုကနေ အနည်းငယ်လွတ်မြောက်သွားမှန်း သင်ခံစားမိပါလိမ့်မယ်။

၂။ဆုတောင်း၊ တရားထိုင်ပါ။

သင်ဟာ ဝတ်ပြုဆုတောင်းတတ်သူဆို အဲ့ဒါမျိုး လုပ်ပေးနိုင်ပါတယ်။ မဟုတ်ရင်တော့ ငြိမ်သက်စွာ တရားထိုင်ကြည့်ပါ။ သင့်စိတ်အေးချမ်းသွားပါလိမ့်မယ်။

၃။စိတ်လွတ်လက်လွတ်ရယ်မောပါ။

ဟာသတွေဖတ်ပြီး ရယ်မောတာ၊ ဇာတ်ကားကြည့်ပြီးရယ်တာမျိုး၊ အင်တာနက်ကနေ ရယ်စရာဇာတ်လမ်းတိုတွေ ကြည့်ပြီး ရယ်မောတာမျိုးတွေ လုပ်နိုင်ပါတယ်။ အနည်းဆုံးတစ်နေ့ကို တစ်မိနစ်လောက်တော့ တီဗီကြည့်တာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

၄။အသက်ကို ကောင်းစွာ ရှုပါ။

ဒီအချက်ကိုတော့ သင့်စိတ်ထဲ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် သင်အသက်ရှုတဲ့အခါ နှာဖျားလေးနဲ့ရှုပြီး ဒီအတိုင်းထုတ်လိုက်တာပါပဲ။ ဒီတစ်ကြိမ်တော့ ဟိုးအဆုတ်ထဲရောက်တဲ့အထိ သေချာရှုသွင်းလိုက်ပြီးမှ ပြန်ရှုထုတ်ကြည့်ပါ။ နေ့တိုင်းလုပ်ဆောင်ပေးပါ။

၅။သူငယ်ချင်း မိသားစုတွေကို သင့်အကြောင်းပြောပါ။

သင့်ရဲ့အခင်ဆုံး သူငယ်ချင်း၊ အရင်းနှီးဆုံး မိတ်ဆွေတွေကို သင့်အကြောင်း ရင်ဖွင့်ပြောပြပပါ။ သင့်မိသားစုဝင်တွေကိုလည်း ပြောပြနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*