စနိုက်ကြော်တတ်တဲ့ မိန်းမတွေရဲ့ အမူအကျင့်များ

အခုခေတ်မှာ သူများရည်းစားကို ဖြတ်လုတတ်တဲ့ စနိုက်ကြော်ဇာတ်လမ်းတွေ ပေါများလာကြတယ်။ အဲ့လိုစနိုက်ကြော်တွေ ပေါများလာရတာ Facebook ကြောင့်လို့လည်းယူဆတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ စနိုက်ကြော်တိုင်း စနိုက်ကြော်လက်ထဲပါရအောင် အဲ့ယောကျာ်းကလည်း ခြံခုန်ချင်နေတဲ့ ယောကျာ်းမို့လို့ပါ။ ဘယ်သူကပဲ စနိုက်ကြော်နေပါစေ ချစ်သူနှစ်ယောက် အချစ်ခိုင်မြဲနေရင် ဘယ်သူခွဲခွဲ မကွဲပါဘူး။ ဒါအပြင်မိန်းကလေးတွေမှာ ဆဋ္ဌမ အာရုံဆိုတာရှိကြတယ်။ ဘယ်သူက ကိုယ့်ရည်းစားကို စနိုက်ကြော်ချင်နေတာလဲဆိုတာ ကြိုသိတတ်ကြတယ်။ စနိုက်ကြော်မတွေရဲ့ အမူအကျင့်တွေကတော့ ဒါတွေပဲဖြစ်ပါတယ်။

သူများရည်းစားကိုမှ လိုချင်တတ်ကြတယ်


အဓိက သူတို့စိတ်ထဲမှာ ယောကျာ်းတစ်ယောက်က သူ့ချစ်သူကောင်မလေးကို လုပ်ပေး၊ချစ်ပေးနေတာမြင်တော့ သူတို့တွေက အဲ့ယောကျာ်းကို လိုချင်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ယောကျာ်းသာ သူရဲ့ရည်းစာဖြစ်ရင် သူကိုလည်း အဲ့လိုတွေချစ်ပေးမှာပဲလို့တွေးလာကြတယ်။ အဲ့ဒါနဲ့ သူတို့တွေက သူများရည်းစားကိုပဲလိုချင်လာကြတာပါ။ သူတို့အတွက် သူများရည်းစားကို လုပြီး ရလိုက်တဲ့ ခံစားချက်ကိုက အရသာဖြစ်နေတတ်ကြတာပါ။ သူတို့ရဲ့စိတ်အလိုခံစားချက်ကြောင့် သူများခံစားရလည်းကိစ္စမရှိဘူးဆိုပြီးတွေးတတ်ကြသေးတယ်။

စိတ်ရောဂါရှိတတ်ကြတယ်

သူတို့တွေ တော်တော်များများမှာ စိတ်ရောဂါရှိတတ်ကြတယ်။ ဘယ်လိုစိတ်ရောဂါမျိုးလဲဆိုတော့ သူများ ပစ္စည်းကိုမှ လိုချင်နေတတ်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ သူတို့မှာမပြည့်စုံနေရင် သူများပစ္စည်းကို လိုချင်လာတတ်ကြတယ်။ သူများရည်းစာမှ မဟုတ်ဘူး သူများပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း လိုချင်တတ်ကြတယ်။ တချို့ စနိုက်ကြော်တွေက သူတို့မှာလည်း ရည်းစားရှိနေရက်နဲ့ သူများရည်းစားကို လိုချင်တတ်ကြသေးတယ်။ ဘာလို့လဲဆိုတော့ သူများရည်းစားက သူတို့ရည်းစားထက် အဆများစွာသာနေတတ်ကြလို့ပါ။ သူတို့တွေက သူများရည်းစားကို သဝန်တို၊ မနာလို၊ ရယူချင်စိတ်တွေများနေတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်နေကြတာပါ။

မိသားစု အဆင်မပြေကြဘူး

သူများရည်းစာကိုဖြတ်လုတတ်တဲ့ စနိုက်ကြော်တတ်တဲ့ မိန်းမတွေအများစုကတော့ မိသားစုအတွင်းရေး အဆင်မပြေတတ်ကြဘူး။ မိသားစုအဆင်မပြေရင် စိတ်ထွက်ပေါက်ရှာတတ်ကြတယ်။ အဲ့စိတ်ထွက်ပေါက်က သူများရည်းစားကိုဖြတ်လုတတ်တာတွေလည်း ဖြစ်တတ်တယ်။ သူတို့စိတ်ပျော်ရွင်ရဖို့ သူများရည်းစားကိုလုရလည်း လုမှာပဲ ဆိုတဲ့စိတ်ရှိတတ်ကြတယ်။

ပင်ကိုယ် အကျင့်စရိတ္တမကောင်းကြဘူး

တချို့ကျတော့လည်း ကိုယ်ကျင့်စရိတ္တကိုက မကောင်းကြလို့ပါ။ ဆုံးမမယ့်သူမရှိတာကြောင့် စရိတ္တမကောင်းကြသလို၊ ဆုံးမမယ့်သူရှိရက်နဲ့လည်း စရိတ္တမကောင်းကြပါဘူး။ သူတို့ရဲ့ ပင်ကိုယ်စရိတ္တကိုက မကောင်းကြလို့ ဒီလိုမရှက်တဲ့ လုပ်ရပ်မျိုးကိုလုပ်တတ်ကြတာပါ။

အရှက်မရှိတတ်ကြဘူး

တကယ်ဆို သူများရည်းစားကို စနိုက်ကြော်တယ်ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့ လုပ်ရပ်ပါ။ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းမှာဆိုလည်း အရမ်းရှက်စရာကောင်းပါတယ်။ သူများရည်းစားကို စနိုက်ကြော်ဖို့ဆိုတာ တော်ရုံ မိန်းကလေးတွေ မလုပ်ရဲကြတဲ့လုပ်ရပ်ပါ။ အဲ့ဒါကြောင့် စနိုက်ကြော်တတ်တဲ့ မိန်းမတွေက အရှက်မရှိကြပါဘူး။ သူတို့နဲ့လည်း ပြိုင်မလုပါနဲ့။ မတန်လို့ပါ။ အမျှသာဝေပေးလိုက်ပါ။

နားလည် ပေးချင်ယောင်ဆောင်တတ်တယ်

သူတို့တွေလုပ်တတ်တာက သူများရည်းစားကို သူငယ်ချင်းအဖြစ်နဲ့ လာရောတတ်ကြတယ်။ အောက်ကနေ သနားစရာပုံစံမျိုးနဲ့ ဝင်ရောတတ်ကြတယ်။ ချစ်သူတွေရန်ဖြစ်တဲ့ အချိန်ကို စောင့်နေပြီးလည်း သူတို့ကပဲ နားလည်ပေးသလိုလိုနဲ့ ဝင်ရောတတ်ကြသေးတယ်။ အဲ့လိုတွေ အပြန်အလှန်၊ နားလည်ပေးကြရင်းနဲ့ ခြံခုန်တတ်တဲ့ ယောကျာ်းကတော့ ခြံခုန်ပြီး စနိုက်ေြက်ာတဲ့ မိန်းမလက်ထဲပါသွားတာ မဆန်းပါဘူး။

 

Be the first to comment

Leave a Reply

Your email address will not be published.


*