လက်မမှာ လက်စွပ်ဝတ်ရခြင်းရဲ့ အဓိပ္ပာယ်လေးက ဒီလိုပါ….

လက်စွပ်လေးတွေဟာ ကိုယ်ဝတ်တဲ့ လက်ချောင်းလေးတွေပေါ်ကိုလိုက်ပြီး အဓိပ္ပါယ်တွေ ကွဲလွဲနေတတ်ပါတယ်။ အရင်ဆောင်းပါးတွေတုန်းက လက်ညှိုး၊ လက်သန်းတွေမှာ လက်စွပ်ဝတ်ခြင်းရဲ့ အဓိပ္ပါယ်ကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ လက်မမှာ လက်စွပ်ဝတ်ရခြင်းရဲ့ အဓိပ္ပါယ်လေးပဲဖြစ်ပါတယ်။ ဗဟုသုတအနေနဲ့ ဖတ်ကြည့်လိုက်ပါဦးနော်။


လက်မမှာ လက်စွပ်ဝတ်တဲ့အလေ့အထဟာ မြောက်အမေရိကဖက်ကနေဆင်းသက်လာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံးက အသုံးပြုလာပါပြီ။

လူ့အဖွဲ့အစည်းတော်တော်များများရဲ့ ယုံကြည်ချက်အရ လက်မမှာ လက်စွပ်ဝတ်ထားတဲ့သူဟာ ချမ်းသာကြွယ်ဝသူ ဒါမှမဟုတ် လူတွေကိုလွှမ်းမိုနိုင်တဲ့သူ၊ သြဇာအာဏာကြီးမားသူတစ်ယောက်ပါ။ လက်စွပ်တွေကို ထည်လဲဝတ်ဆင်နိုင်တဲ့သူတစ်ယောက်လို့လည်း သတ်မှတ်ထားပါတယ်။


ဒါတင်မကသေးပါဘူး။ လက်မမှာ လက်စွပ်ဝတ်ထားသူတွေကို ခင်ဖို့ကောင်းတဲ့၊ ပေါင်းသင်းလို့ကောင်းတဲ့ မိတ်ဆွေကောင်းတွေလို့လည်း သတ်မှတ်ထားပါတယ်။ လက်မမှာလက်စွပ်ဝတ်မယ်ဆိုရင်တော့ ရှုပ်ထွေးနေတဲ့ ပုံစံထက် ရိုးရိုးလေးနဲ့ ထင်းနေတဲ့ ပုံစံလေးကိုရွေးချယ်ပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*