မနာလို မုန်းတီးရန်မူနေသူများကို ရိုးရိုးမေတ္တာပို့ဖြင့် မထိရောက်လျှင် ရေဖြင့် မေတ္တာပို့နည်းv

ရေမေတ္တာပိို့နည်း

အလုုပ်လဲမများ လွယ်လဲကူသော ရေမေတ္တာပို့နည်းပါ…ကိုယ်ကတော့..ကျောက်ခဲလေးနဲ့ ပြုလုပ်ပါတယ်…လုပ်ကြည့်စေချင်ပါတယ်နော််

လက်တွေ့ နည်းကောင်းတစ်ခုပေးမည်။

အကယ်၍ စိ်တ်အာရုံညွတ်ပြီး မေတ္တာပိို့ပေးနေရုံသက်သက်ဖြင့် ထိုသူ၏ ရန်မူနေခြင်းကိစ္စ အမြန် ပြေအေးသွားမည် မထင်ရလျှင်် ရေမေတ္တာပို့ယူပါ၊ နည်းမှာမိမိအလိုရှိသူကို ရည်မှတ်၍ သန့်ရှင်းသောရေဖန်ခွက်တစ်ခုတွင် ကျောက်ခဲကလေးတစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေစိမ်ထားပါ

သူ၏စိတ်နှလုံး ရေကဲ့သိို့ အေးချမ်းသွားပါစေဟူ၍ လှိုက်လှဲစွာ မေတ္တာပို့လွှတ်နေပါ။

“သူ့စိတ် ပူဆာနေခြင်း အေးချမ်းသွားဖို့ ငါရေစိမ်ထားလိုက်ပြီ” ဟူ၍ မိမိစိိတ်ကိုလည်းရှင်းရှင်းထားနေပါ၊ပူပန်သောကဝင်၍ လှုပ်ရှား နေ၍ မရပါ။

သူ့ကိို ငါ ဒုက္ခမရောက်စေလိိုပါ၊ ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။

ယုံံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူ စိတ်ကြည်လင်သွားပြီ၊သူငါ့ကိုရန်မူချင်စိတ် ပျောက်လွင့် သွားပြီ”-ဟု မိမိစိ်တ်က သိနေပါ။

တကယ်် ချမ်းသာ စေလိုသော စိတ််ရင်း စေတနာ ထား၍ ပေးနေပါ။ထိိုသူ၏ စိတ်သည် ထိုအချိန်ပိုင်းတွင်် မူပြောင်း လာပုံ တွေ့ရမည်။

သူ၏စိတ်ထဲတွင် မိမိိက ပို့လွှတ်ပေးနေသောစိတ်တန်ခိုးကြောင့် ပူဆာဆူပွက်နေခဲ့ပြီးသော သူူ၏ဒေါသစိတ်များ တဖြည်းဖြည်း ပြေအေးသွားလိမ့်မည်။

တစ်ဆက်တည်းမှာပင် မိမိအပေါ် သနားစိတ်ဝင်လာမည်။ ဆက်လက်၍ ချစ်ခင်စိတ် ပြောင်းဝင်လာလိမ့်မည်။ ချစ်ခင်စိတ်ရောက်ခဲ့လျှင် မိမိကို မြတ်နိုးဖွယ်ရာအဖြစ် ကြည်နူးဝမ်းသာ စိတ်ဝင်စားခြင်း ဖြစ်ပေါ်နေတောင်းပန်လာလိမ့်မည်။

ထိိုနောက် သူ ပြောမှား, ဆိုမှားရှိသမျှ ဝန်ချ အကယ်၍ လူကိုယ်တိုင် လာရောက် ဝန်ချတောင်းပန်ခြင်း မပြုသော်လည်း မိမိအပေါ်

ဆက်လက်် ၍ ရန်မူနေခြင်း ပြုတော့မည်မဟုတ်ပါ။

မီးကိို ရေနှင့် လုံလောက်အောင် ပက်ဖျန်းထားလိုက််သကဲ့သို့ ကိစ္စပြီး အေးငြိမ်းသွားလိမ့်မည်။တစ်နည်းအားဖြင့် ထိုသူ အခြားသို့ ရှောင်ထွွက်သွားပုံကို တွေ့မြင်ရလိမ့်မည်။

ဤဖော်ပြပါတို့သည်် လူ့လောက၌ တွေ့ကြုံလေ့ရှိခြင်း များတတ်သောကြောင့် ပြည့်စုံအောင် ညွှန်ကြားပေးရ၏

လုပ်ငန်းကိိစ္စ တစ်ခုခု၌ တွေ့ကြုံရသော အဆင်မပြေမှု, နှောင့်ယှက်မှု အကြောင်းခံသော နှောင့်ယှက်သူူကိုဖြစ်စေ၊ နေထိုင်ရေး၊ စားသောက်ရေး စသောကိစ္စမျိုး၌ တွေ့ကြုံလာရသော နှောင့်ယှက်သူကိုဖြစ်စေဘယ်နေရာမဆို တွေ့ကြုံလေသမျှ ဤညွှန်ကြားချက်နည်းအတိုင်းသာလိုက်နာကျင့်သုံးပါ၊ လုပ်ဆောင်ပါ။

မိမိိ မေတ္တာစိတ်ဓာတ် ခိုင်မြဲသောတန်ခိုးကြောင့်အံ့သြဖွယ်ရာ ကြည်လင် အေးမြခြင်းအဖြစ်ကို တွေ့မြင်လာရမည်။

မေတ္တာစိတ် လက်ကိုင်ထားသူသည် နောက်ဆုံး၌အောင််နိုင်မှု ရယူမည်ဖြစ်ကြောင်း ညွှန်ကြားပါသည်။

အိိမ်မှ စိတ်ကောက်ပြီးထွက်သွားသူကိုလည်း ဤနည်းအတိုင်းလုပ်ဆောင်ပါ၊ ပြန်ရောက်လာပါလိမ့်မည်။

ရဟန်း စသော သူတော်ကောင်းပုဂ္ဂိုလ်တိို့မည်သည်မေတ္တာတရားကို စိတ်နှလုံးသား၌ အမြဲ ကိန်းအောင်းနေစေရ၏

တစ်ခါတစ်ရံ၌ လောကဓံံ တစ်စုံတစ်ခု ကြုံတွေ့ရလျှင် ငါသည် လူယုတ်မာမဟုတ်၊တရားနှင့် ပျော်မွေ့ နေသူတည်း၊

ဘာအကြောင်းဖြစ်စေ လူ့လောကတစ်ခွင််ကျင်လည်နေရခိုက်အခါမှာ တွေ့ကြုံရသော ပြဿနာဟူသမျှကို မေတ္တာစက်ဖြင့် ဖြေရှင်းသွားမည်၊ မေတ္တာတရားသာ လက်ကိုင်ထားသွားမည်ဟူ၍ ခိုင်မြဲစွာ နှလုံးပိုက်ထားရာ၏။

မေတ္တာကိို အဖော်ပြု၍ မေတ္တာတရား ရင်ဝယ်ပိုက်ထားလျှင် စိတ်မချမ်းသာစရာ တွေ့ကြုံရသော်လည်းစိတ်ချမ်းမြေ့ဖွယ်ရာ အမြင်မှန်ရလာပါမည်။

မကြာခင်် မေတ္တာထားသူဘက်က သူ၏ဆန္ဒပြည့်ဝ၍ အောင်နိုင်သူအဖြစ် ရောက်သွားရမြဲသာတည်း။

အမြတ်တောင် ထွက်သွားကြရမြဲဖြစ်၏။တရားသဘော၏ ဤသို့ ဖြစ်တတ်ပုံကိုလည်းယုံကြည်မှု ထားနေရာ၏။ ခိိုင်မြဲသော သဘာဝတည်း။

မေတ္တာတရား လက်ကိိုင်မထားဘဲ မခံချင်စိတ်၊သည်းမခံနိုင်စိတ်၊ ဒေါသ, မာန စသော အခြားနည်းဆိုးလက်ကိုင်ထားလျှင် မှားသွားလေပြီဟူ၍သာ မှတ်ပါ။

ထိို့ကြောင့် မေတ္တာတရားကို လက်ကိုင်ထားခြင်းထက် ကောင်းသောအရာ မှန်သော အလုပ် လူ့လောကတစ်ခွင်မှာ ဘာမှမရှိပါဘူးဟု ဤဆောင်းပါးအစပိုင်း၌ဆိုခဲ့ခြင်းဖြစ်သည်။

မေတ္တာတရား၏ ကောင်းကျိုးကား ဤမျှသာမကပါ၊ နိဗ္ဗာန်ရောက်ကြောင်းကိုပါ ကောင်းကျိုးပေး၏။

နိိဗ္ဗာန်မရသေးခင်စပ်ကြား သံသရာတစ်ခွင်ဝယ်် ဘဝကြီး, ဘဝငယ်တွေ ကျင်လည်၍နေရသေးသမျှကာလပတ်လုံး မေတ္တာတရားကို မြဲမြံစွာ ရင်ဝယ်ပိုက်ထားသူမှာ သေရေးအတွက်ကိုလည်းကောင်း၊ နေရေးအတွက်ကို လည်းကောင်း ပူပန်ကြောင့်ကြမှ တွေးကြောက်နေရန် မရှိပါ။

ဤဘဝ၊ နောင်ဘဝ ကြည်လင် ချမ်းမြေ့စွာသာကျင်လည် သွားနေရမည်သာတည်း၊ မကောင်းသောဘဝမျိုးသို့ ရောက်လိမ့်မည်မဟုတ်ပါ၊ သန့်ရှင်းသောကြည်လင်ဖွယ်ရာရှိသော ကောင်းမြတ်သော လူ့ဘုံ၊

နတ်ဘုံံ သုဂတိဘဝတို့၌သာ ကျင််လည်သွား လာနေရမည်မှာအမှန်တည််း

ဤသဘောသွား ဧကန်မလွဲ ဖြစ်ကြောင်းကိုလည်းယုံကြည်ထားရ၏။ ထို့ကြောင့် မေတ္တာတရားကိုသာ စွဲစွဲမြဲမြဲ လက်ကိုင်ထားနေကြပါဟူ၍ တိုက်တွန်းခြင်း ဖြစ်သတည်း။

စိိတ်ထားဖြောင့်တော့ အလုပ်ဖြောင့်၏။အလုပ်ဖြောင့်တော့ အကျိုးဖြောင့်၏။

(တောင်တန်းသာသနာပြုဆရာတော် ရေမေတ္တာပွားနည်းမှ Mini Monk မျှဝေတင်ဆက်ပါသည်။မေတ္တာနှလုံးကိုယ်စီသုံး ကျင့်သုံးနိူင်ကြပါစေ)

Credit…ထပ်ဆင့်ပူဇော်မျှဝေအပ်ပါသည်ဘုရား

Be the first to comment

Leave a Reply

Your email address will not be published.


*