ဟီးရိုးအတွက် Audition ဝင်ခဲ့ပေမယ့် ဗီလိန်အဖြစ်သရုပ်ဆောင်ခဲ့ရတဲ့ အနုပညာရှင်များ

ရုပ်ရှင်လောကမှာ ဒီလူနဲ့ ဒီဇာတ်ကား သေချာပေါက်ရိုက်ရမယ်လို့ တသတ်မတ်တည်း တွေးထားလို့မရပါဘူး။ လိုက်ဖက်တဲ့ ဇာတ်ကောင်တစ်ယောက်ရဖို့ စက္ကန့်ပိုင်းအတွင်း လူပြောင်းချင်ပြောင်းသွားနိုင်ပါတယ်။ အစမ်းသရုပ်ပြပွဲတွေမှာ အောင်မြင်ပေမယ့် ဒီ role တစ်ခုအတွက် သူတို့သရုပ်ဆောင်ချင်မှ သရုပ်ဆောင်ရတာပါ။ ဟီးရိုးရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားကြတဲ့ မင်းသားတွေအများကြီးပါပဲ။ ကံတရားကလည်း ပါသေးတာကို။ ကဲ.. ဟီးရိုးအဖြစ်လျာထားခြင်းခံရပေမယ့် တစ်ကယ်တမ်းကျ ဗီလိန်အဖြစ် သရုပ်ဆောင်တွေက ဘယ်သူတွေလဲ ကြည့်လိုက်ရအောင် …

 

Tom Hiddleston – Thor(2011)


Tom ဟာ Thor အဖြစ်သရုပ်ဆောင်ဖို့ အရင်ဆုံး Audition လုပ်ခဲ့တာပါ။ ဒါပေမယ့် Chris Hemsworth က Thor နေရာကို ပိုင်ဆိုင်ခဲ့ပါတယ်။ Chris ရဲ့ညီအစ်ကိုရင်းဖြစ်တဲ့ Liam Hemsworth လည်း Audition မှာပါပါတယ်။ နောက်ဆုံးတော့ hammer နဲ့ကိုက်ညီတဲ့လူကို ရှာတွေ့ခဲ့တယ်။ ဒါရိုက်တာ Craig Kyle က ” Tom ကို အစတုန်းက Thor အဖြစ် ကျွန်တော်တို့လေ့ကျင့်ပေးတယ်။ သူကိုယ်တိုင်လည်း ကျွန်တော်တို့ဖြစ်ချင်တဲ့ ပုံစံအတိုင်း ကြိုးစားပါတယ်။ ဒါပေမယ့် သူ Thor ဖြစ်မလာခဲ့ဘူး ”

Sam Rockwell – Iron Man 2 (2010)


အမေရိကန် မင်းသားကြီးဖြစ်တဲ့ Sam Rockwell ဟာ Tony Stark နေရာမှာ သရုပ်ဆောင်ချင်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းကျတော့ ရုပ်ရှင်ထဲမှာ ဗီလိန်ကြီး Justin Hammer ဖြစ်ခဲ့ရတယ်။

” သူက Tony Stark ဇာတ်ကောင်နဲ့ ကိုက်ညီတဲ့ တစ်ဦးတည်းသောလူပါ။ ဒီ role အတွက် ဒီထက်ပိုကောင်းတာတွေတောင် သူအများကြီးလုပ်နိုင်မှာပါ။ ဒါပေမယ့် အခု Robert က Tony Starkနေရာနဲ့အလိုက်ဖက်ဆုံးဖြစ်နေပါပြီ။ Sam အနေနဲ့လည်း သူနဲ့ပိုလိုက်ဖက်တဲ့ ဇာတ်ကောင်ပုံစံရရှိသွားခဲ့ပါတယ် ” လို့ ဒါရိုက်တာ Jon Favreau ကပြောခဲ့ပါတယ်

James Franco – Spider-Man (2002)


အမေရိကန် စတားနဲ့ ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ James Franco ဟာ Spider-Man (2002) တုန်းက Peter Parker အဖြစ် Auditionလုပ်ခဲ့ပေမယ့် ရုပ်ရှင်ထဲမှာတော့ Harry Osborne အဖြစ် ပါဝင်ခဲ့ရပါတယ်။

Heath Ledger – The Dark Knight (2008)


Comic လောကကြီးကတော့ ဒီလူဆီမှာ အကြွေးတွေအများကြီးတင်နေခဲ့ပြီလို့ ဆိုကြသတဲ့။ Heath Ledger ဟာ Joker အဖြစ် The Dark Knight မှာ မှတ်ကျောက်တင်လောက်အောင် သရုပ်ဆောင်နိုင်ခဲ့ပြီး Best Supporting Actor အဖြစ်လည်း အော်စကာဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ comic ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ကို အော်စကာပေးတာ ဒါပထမဆုံးပါပဲ။ Ledgerဟာ joker အဖြစ်သရုပ်မဆောင်ချင်ပေမယ့်လည်း ဒီ ဇာတ်ကောင်ကို သူလက်ခံပြီး အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ အစတည်းက သူBatman အဖြစ်သရုပ်ဆောင်ဖို့ ဆက်သွယ်ခဲ့ပေမယ့် Nolan က ငြင်းပယ်ခဲ့ပါတယ်။

Lee Pace – Guardians of the Galaxy(2014)


Guardians of the Galaxy မှာ Peter Quill aka Star-Lord အဖြစ် အစမ်းသရုပ်ပြနိုင်ခဲ့ပေမယ့် တကယ်တမ်းတော့ ဗီလိန် Ronan The Accuser အဖြစ်သရုပ်ဆောင်ခဲ့ရပါတယ်။ သူ့ကို Drax The Destroyerနေရာမှာ အစားထိုးဖို့လည်း လုပ်ခဲ့ဖူးပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*