ကိုယ်သဘောကျတဲ့လူကိုတွေ့တဲ့အခါ ခန္ဓာကိုယ်က ဒီလိုအလိုအလျောက်တုံ့ပြန်မှုလေးတွေဖြစ်လာတတ်…

ကိုယ်သဘောကျတဲ့လူတစ်ယောက်နဲ့တွေ့တဲ့အခါ ကိုယ့်ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်မှုတွေရှိလာတယ်ဆိုတာသင်သိပါသလား?အထူးသဖြင့် မျက်စိသူငယ်အိမ်က ပိုပြီးကျယ်လာတတ်ပါတယ်။ကိုယ့်ကိုယ့်ကိုယ်မမြင်ရဘူးဆိုတော့ စမ်းသပ်ချင်တယ်ဆိုရင် သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းပြီးမေးကြည့်ပေါ့။ကိုယ်သဘောကျတဲ့လူကိုတွေ့ရင် ကိုယ့်မျက်လုံးအနေအထားက ဘယ်လိုဘာညာဖြစ်သွားတယ်ဆိုတာ။


ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့တုံ့ပြန်မှုတွေထဲမှာ မျက်စိသူငယ်အိမ်ရဲ့တုံ့ပြန်မှုက အသိသာဆုံးပါ။စိတ်ပိုင်းဆိုင်ရာအရအလိုအလျောက်တုံ့ပြန်တာဆိုတော့ ဒီအပိုင်းနဲ့ပတ်သက်လို့ သင့်ကိုယ်သင်လည်းထိန်းချုပ်လို့မရပါဘူး။မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ပြောကြတဲ့အတွက် လူတစ်ယောက်ကို သဘောကျနေလား သဘောမကျဘူးလားသိချင်ရင် အဓိကက သူ့ရဲ့ မျက်လုံးကိုပဲ သေချာအကဲခတ်ကြည့်ပါ။မျက်လုံးနဲ့အချစ်က ဆက်စပ်နေတယ်လို့ဆိုရလောက်အောင် ကိုယ်စိတ်ဝင်စားနေတဲ့သူကိုတွေ့တဲ့အခါ ဒါမှမဟုတ် သူ့အကြောင်းကြားတဲ့အခါ မျက်လုံးဟာ ပုံမှန်ထက်ကို ပိုပြီးဝိုင်းစက်ကျယ်ပြန့်လာတတ်ပါတယ်။


လက်တင်ဘာသာစကားနဲ့ဆိုရင် မျက်စိသူငယ်အိမ်ဆိုတာ လူသားတွေရဲ့စိတ်ခံစားချက်တွေကိုထင်ဟပ်စေတဲ့အရာတစ်ခုလို့ အဓိပ္ပာယ်ရပါတယ်။နဂိုမျက်လုံးမဝိုင်းတဲ့သူတောင်ကိုယ်သဘောကျရတဲ့တစ်ယောက်ယောက်လာနေတာတွေ့ရင် သူ့ကိုကြည့်တဲ့မျက်လုံးဟာ ဝိုင်းဝိုင်းလေးဖြစ်နေတတ်ပါတယ်။ဒါကိုဘေးနားကလူတွေကတော့မြင်ရတာပေါ့။အဲ့ဒါကြောင့် ကိုယ်ချစ်ရတဲ့သူကိုကြည့်တဲ့မျက်ဝန်းက ကြည်လင်ဝိုင်းစက်ပြီးရွှန်းလဲ့လဲ့လေးဖြစ်နေတယ်လို့တောင် တင်စားကြတာပါ။


နောက်ထပ် ကိုယ်ချစ်ရတဲ့သူကိုတွေ့တဲ့အခါ ခန္ဓာကိုယ်ကတုံ့ပြန်တဲ့ပုံစံတွေလည်းရှိပါသေးတယ်။ဘာတွေလဲဆိုတော့…

*ကိုယ်ချစ်ရတဲ့သူကို လှမ်းမြင်လိုက်ရရင် နှုတ်ခမ်းက နည်းနည်းဟသွားပါတယ်တဲ့။ပုံမှန်အချိန်ဆို နှုတ်ခမ်းတင်းတင်းစေ့ထားတတ်ပြီး ချစ်ရတဲ့သူကိုတွေ့ရင်တော့ နှုတ်ခမ်းက အလိုလိုဟသွားတတ်ပါတယ်။

*အဲ့ဒီလူနဲ့စကားပြောနေရင်း မျက်နှာ၊ဆံပင်ကိုခဏခဏထိနေမိတာ

*မျက်ခုံးအလိုလိုပင့်မိသွားတာ

*ကိုယ့်အဝတ်အစားကိုယ်ပြန်ပြီးပြင်ဆင်တာ။အကျီများလျှောကျနေမလား၊မသပ်မရပ်ဖြစ်နေမလားဆိုပြီး သူ့ရှေ့မှာကြည့်ကောင်းနေချင်လို့ပြင်ဆင်တာ
ဒီအပြုအမူလေးတွေကတော့ သင်ကိုယ်တိုင်တောင်သတိမထားမိလိုက်တဲ့ ခန္ဓာကိုယ်ရဲ့အလိုအလျောက်တံ့ုပြန်မှုလေးတွေပေါ့။ဗဟုသုတအနေနဲ့မျှဝေပေးတာဖြစ်လို့ဒီအချက်လေးတွေကို သေချာသတိထားကြည့်နော်။ဒီအချက်လေးတွေအတိုင်း လူတစ်ယောက်ရှေ့မှာမကြာခဏလုပ်နေမိရင်တော့ ဒါက ကိုယ်သူ့ကိုစိတ်ဝင်စားချင်နေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။မသိစိတ်ကနေ အရင်ဖော်ပြနေတာမျိုးပါ <3

 

Be the first to comment

Leave a Reply

Your email address will not be published.


*