မှဲ့ ဖျက်နည်း

မှဲ့ ကြောင့် အလှပိုပေါ်တာရှိသလို မှဲ့ကြောင့် အလှဖျက်နေတာမျိုးလည်း ရှိတတ်ပါတယ် ။ ဒီလို အလှဖျက်နေတဲ့ မှဲ့တွေကို ဆေးခန်းသွားစရာမလို ၊ ငွေကုန်ကြေးကျမများတဲ့ နည်းလမ်းတွေနဲ့ ဖျောက်ဖျက်ပစ်လို့ရပါတယ် ။


၁။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို အရေပြားပေါ်ကမှဲ့ပေါ်ကို လိမ်းပေးခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ် ။ ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ malic and tartaric acid ဟာ မှဲ့ဖယ်ရှားဖို့အတွက် အထူးထိရောက်မှု ရှိပါတယ် ။

၂။ကြက်သွန်ဖြူ
ကြက်သွန်ဖြူနည်းကလည်း နာမည်ကြီးတဲ့ နည်းလမ်းတစ်ခုပါပဲ ။ညအိပ်ရာဝင်ခါနီးတိုင်း ကြက်သွန်ဖြူကို ကြိတ်ခြေပြီး မှဲ့ပေါ်မှာ အုံထားလိုက်ပါ ။ ထို့နောက် ပတ်တီးဖြင့် အုပ်မိုးကပ်ထားလိုက်ပါ ။ တစ်ညလုံးထားပြီးနောက် မနက်မှ ဆေးကြောပေးလိုက်ပါ ။ ဒီနည်းလမ်းကို ၅ရက်ဆက်တိုက် ပုံမှန်လုပ်ပေးပါ။ မှတ်ချက်။ ကြက်သွန်ဖြူနှင့် ဓါတ်မတည့်ဘဲ အရေပြားထိခိုက်မှုရှိတတ်သူများ မလုပ်သင့်ပါဘူး။

၃။ အာလူး
အာလူးကိုလှီးပြီး မှဲ့ပေါ်တိုက်ရိုက် ပွတ်လိမ်းပေးတာကလည်း မှဲ့တွေကို တဖြေးဖြေးနှင့် ကင်းပျောက်လာစေပါတယ်။

၄။ကြက်ဆူဆီနှင့် Baking Soda
Baking Soda လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ကြက်ဆူဆီ ဇွန်း တစ်ဝက်ခန့်ရောထည့်ပြီး ခပ်ပျစ်ပျစ်လေး မွှေပေးပါ။ ရလာသောအနှစ်ကို မှဲ့ပေါ်မှာ တိုက်ရိုက်သုတ်လိမ်းပေးပြီး တစ်ညလုံးထားကာ မနက်ခင်းကျမှ ရေနွေးလေးဖြင့် ဆေးကြောလိုက်ပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*