သူဟာ ကိုယ့်ရဲ့အပေါ်ယံရုပ်အလှကိုသာ သဘောကျတာဖြစ်ကြောင်းဒီအချက်တွေကပြနေ…

ကိုယ်ကလှလို့ပဲ ကိုယ့်ကိုချစ်တာလား။ကိုယ့်ကိုချစ်လို့လှတယ်မြင်တာလားဆိုတာ အသေအချာမသိနိုင်ဘူးဆိုပေမဲ့ တကယ်လို့များ ဒီအချက်တွေကို သင့်ရဲ့ချစ်သူက ပြုမူနေပြီဆိုရင်တော့ သူက သင့်ရဲ့အပေါ်ယံရုပ်အလှကိုပဲ ချစ်တာဖြစ်ကြောင်းသေချာနေပါပြီ။


*သင့်အဝတ်အစားတွေနဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စားမှုရှိတယ်

သူက သင့်ကို အမြဲတမ်းအလှဆုံးဖြစ်နေစေချင်တယ်။အဲ့ဒါကြောင့် ဘယ်လိုပုံစံလေးဝတ်၊ဘယ်လိုအကျီမျိုးလေးဝတ်ဆိုပြီး အမြဲတမ်းအကြံပေးနေမယ်။ကိုယ့်ချစ်သူကိုလှစေချင်တာကတော့ ယောကျ်ားလေးတိုင်းပေါ့။ဒါပေမဲ့ လိုအပ်တာထက်ပိုနေရင်တော့လည်း ဒါကြီးက အတော်လေးစိတ်ကသိကအောက်ဖြစ်စရာပါ။

*တစ်ခြားကောင်လေးတွေသင့်ကိုကြည့်ရင် ကျေနပ်နေမယ်

တကယ်တော့သူက အရုပ်မလှလှလေးတစ်ရုပ်ကိုပိုင်ဆိုင်ထားတယ်ဆိုတာ ကျေနပ်ကြွားချင်နေတာပါပဲ။တကယ်တမ်း ကိုယ့်ကိုချစ်တဲ့သူက တစ်ခြားကောင်လေးက လာကြည့်ရင် တအားသဝန်တိုတတ်ပြီး နောက်ဆို ဒီလိုလှအောင်မဝတ်နဲ့ဆိုပြီးတောင်ပြောကြတာပါ :3


*သင် မလှမပဝတ်လာရင် ပြောလို့မဆုံးတော့ဘူး

သူက ကိုယ့်ရဲ့အပေါ်ယံရုပ်အလှကိုသဘောကျတာလား။ကိုယ်မို့လို့သဘောကျတာလားဆိုတာ အဝတ်အစားဖက်ရှင်ဒီဇိုင်းပေါ်သူဘယ်လိုအာရုံစိုက်လဲဆိုတာသတိထားကြည့်ကြည့်ပါ။တကယ်လို့ အဝတ်အစားကြီးကပုံတုံးနေရင်၊ဟောင်းနေရင် သင့်ကိုအပြစ်တင်ပြီး နောက်တစ်ခါလှလှပပဝတ်ဖို့တောက်လျှောက်ပြောနေတယ်ဆိုရင်တော့ သူက သင့်ရဲ့အပေါ်ယံရုပ်အလှကိုပဲ သဘောကျတာသေချာနေပါပြီ။ကိုယ့်ကိုချစ်တဲ့သူက တကယ်တမ်းကိုယ်ဘာဝတ်ဝတ် သူတို့မျက်စိထဲမှာလှနေမှာပါ။

*တစ်ခြားမိန်းကလေးတွေနဲ့နှိုင်းယှဉ်မယ်

ဟိုကောင်မလေးကိုကြည့်စမ်း။ဘယ်လိုဝတ်ထားလို့ချစ်စရာလေး၊ဟိုမင်းသမီးလိုဝတ်၊အဲ့ဒါဆိုပိုပြီးဆွဲဆောင်မှုရှိမှာ၊ဆံပင်ပုံလေးပြောင်းလိုက်ပါလား ပိုလှသွားအောင်စသဖြင့် နှစ်ယောက်အတူဆုံချိန်မှာတောင် မရိုးနိုင်ပဲ ကိုယ့်ရဲ့လှပမှုနဲ့ပတ်သက်ပြီး အကြံပေးနေမယ်။သူပြောသလို မလုပ်ရင်စိတ်ဆိုးမယ်။အဲ့လိုမျိုးဆိုရင်တော့ သင့်ချစ်သူက သူကိုယ်တိုင်အလှအပရေးရာကိုစိတ်ဝင်စားနေတာဖြစ်ရင်ဖြစ် မဟုတ်ရင် သင့်ရဲ့ အပေါ်ယံရုပ်အလှကိုပဲ မက်မောတာကြောင့် အမြဲတမ်းလှနေတဲ့ပုံစံပဲမြင်ချင်နေတာပါ။


*သင့်ရဲ့ကိုယ်အလေးချိန်ကိုအမြဲဂရုစိုက်တယ်

ကိုယ်ကသာ စားချင်တာစား၊သောက်ချင်တာသောက်မယ်။သူကတော့ ကိုယ်ဝိတ်တက်လာမှာစိုးလို့ ဘေးကတတွတ်တွတ်လိုက်တားနေမယ်။ဝိတ်တက်လာတာနဲ့ချက်ချင်းချခိုင်းမယ်။အတင်းအားကစားလုပ်ဖို့တိုက်တွန်းမယ်။သင်ပိန်သွားတဲ့အခါမှာတော့ သူက ကျေနပ်နေမယ်။သင့်ကျန်းမာရေးကိုတောင်ဂရုမစိုက်ပဲ အတင်းပိန်အောင်လုပ်ခိုင်းနေမယ်ဆိုရင်တော့သူ့ကို ပေါ်တင်သာမေးလိုက်ပါ။

*သင့်မိသားစုအသိုင်းအဝိုင်းကလူတွေနဲ့ တွေ့ဆုံဖို့ငြင်းနေလေ့ရှိတယ်

သူက သူ့မိသားစု၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့သင့်ကို တွေ့ဆုံပေးရင်တောင် ဒါသင့်ကိုချစ်လို့လို့ တထစ်ချမမှတ်ယူလိုက်ပါနဲ့ဦး။သူဘယ်လောက်လှတဲ့မိန်းမချောလေးရထားတယ်ဆိုတာ ကြွားတာဖြစ်နေပါဦးမယ်။သင့်မိသားစုအသိုင်းအဝိုင်းကလူတွေနဲ့သူငယ်ချင်းတွေနဲ့တွေ့ဖို့ပါ ဟိုအကြောင်းပြ ဒီအကြောင်းပြငြင်းနေရင်တော့ သူက သင့်ထက်လှတာတွေ့ရင် ပြောင်းလဲဦးမှာပါပဲ။

*သူ့ဆီကအကောင်းမြင်ခံရတဲ့အချိန်က သင်အရမ်းလှနေတဲ့အချိန်တစ်ခုပဲ

တကယ်လို့များသင်တို့ရဲ့အချစ်ရေးမှာ သင့်အပေါ်အကောင်းမြင်တဲ့အချိန်က သင်အရမ်းလှနေတဲ့အချိန်ပဲဖြစ်မယ်ဆိုရင် သင်တို့ရဲ့အချစ်ရေးကိုပြန်ပြီးစဉ်းစားသင့်ပါပြီ။တကယ်ဆို ကိုယ့်ရဲ့သဘာဝအလှကိုလည်း ချစ်တတ်ရမယ်၊ကိုယ့်ရဲ့စိတ်ကိုလည်းချစ်ရမယ်။ကိုယ့်ရဲ့ဆန္ဒကိုလည်းလေးစားရမယ်မဟုတ်လား။

ဒီအချက်တွေအတိုင်း သင့်ချစ်သူက အမြဲပြုမူနေတယ်ဆိုရင်တော့ သူက သင့်အပေါ်ယံအလှကိုပဲမြင်တဲ့သူတစ်ယောက်ပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*