အရေးတကြီးသွားစရာရှိပါတယ်ဆိုမှ ရုတ်တရက်ကြီးဝက်ခြံကထွက်လာတဲ့အခါ…

ဘယ်လောက်ပဲမျက်နှာကိုဂရုစိုက်စိုက် တစ်ခါတစ်လေ ဝက်ခြံတွေထွက်လာတတ်ပါတယ်။မနက်ဖြန်အရေးတကြီးသွားစရာရှိတယ်၊လှမှဖြစ်မယ်ဆိုတဲ့အချိန်မှာ ရုတ်တရက်ကြီးဝက်ခြံတစ်လုံးနှစ်လုံးထွက်လာတာက တကယ့်ပြဿနာအကြီးကြီးတက်တာပါပဲ။ဒါပေမဲ့ မပူပါနဲ့။တစ်ညတည်းနဲ့ မျက်နှာက ဝက်ခြံတွေချပ်ရပ်သွားစေမယ့်နည်းလမ်းလေးတွေရှိနေပါတယ်။သဘာဝနည်းလမ်းလေးတွေဖြစ်လို့ အန္တရာယ်ဖြစ်မှာလည်းစိုးရိမ်စရာမလိုပါဘူး။ဒီတော့အရေးပေါ်နည်းလမ်းကောင်းလေးတွေက ဘာတွေလဲ?


*သွားတိုက်ဆေး

သွားတိုက်ဆေးဆိုပေမဲ့ basic white toothpaste ဖြစ်ရင်ပိုကောင်းပါတယ်။သွားတိုက်ဆေးနည်းနည်းကိုယူပြီး ဝက်ခြံနေရာလေးမှာပုံထားပေးပါ။ပြီးရင် တစ်ညလုံးထားထားပါ။သွားတိုက်ဆေးက ဝက်ခြံကိုချပ်ရပ်သွားစေပြီးရောင်ရမ်းမှုကျစေပါတယ်။မနက်မိုးလင်းတဲ့အခါမှာတော့ ကိုယ်လုပ်နေကျအတိုင်းSkincare ၊မိတ်ကပ်တွေနဲ့အသာအယာလေးဖုံးထားလိုက်ရုံပါပဲ။ပြန်လာရင်တော့မိတ်ကပ်ကိုချက်ချင်းဖျက်ပြီးဝက်ခြံနေရာလေးကို သန့်သန့်ရှင်းရှင်းထားဖို့မမေ့ပါနဲ့။

*ရေခဲ

ရေခဲကလည်း နီမြန်းတာကိုလျှော့ချပေးပြီးဝက်ခြံကိုချပ်စေပါတယ်။ဒီတော့ အဝတ်စသန့်သန့်လေးထဲရေခဲတုံးလေးထည့်။ပြီးရင်ဝက်ခြံနေရာလေးကို ညင်ညင်သာသာလေး ၁မိနစ်လောက်ဖိပေးပါ။တစ်မိနစ်လောက်လုပ်လိုက် ၅မိနစ်လောက်ခဏနားလိုက်နဲ့ ၂ခါ၊သုံးခါလောက်လုပ်ပေးပါ။တစ်ရက်ကို ဒီလိုမျိုး ၂ကြိမ် ၃ကြိမ်လုပ်ပေးရင် ပိုပြီးအကျိုးသက်ရောက်မှုရှိစေပါတယ်။


*ပျားရည်

ပျားရည်ကတော့ သဘာဝပိုးသတ်ဆေးပါ။ဝက်ခြံဖြစ်တဲ့နေရာလေးကိုပျားရည်လေးနည်းနည်းတို့ပေးပါ။အိပ်ရာမဝင်ခင်တို့ပေးပြီးမနက်ထိထားပါ။နောက်တစ်နေ့မနက်ရောက်ရင် မျက်နှာကိုသေချာသန့်စင်ဆေးကြောပေးပါ။ဝက်ခြံလေးချပ်သွားတာကိုတွေ့ရပါလိမ့်မယ်။

*သံပုရာရည်

သံပုရာရည်ကတော့ Sensitive ဖြစ်တတ်တဲ့အသားအရည်အတွက် မသုံးရင်အကောင်းဆုံးပါပဲ။ဒါပေမဲ့ ပျားရည်လေးနဲ့နည်းနည်းရောစပ်ပြီးတို့ပေးထားမယ်ဆိုရင်တော့ဝက်ခြံကိုသေးငယ်သွားစေမာပါ။သံပုရာရည်က နီမြန်းမှုကိုလျှော့ချပေးပြီး ပြင်ပက ဘတ်တီးရီးယားပိုးတွေမဝင်ရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။သံပုရာရည်နည်းနည်းနဲ့ပျားရည်အနည်းငယ်ကိုရောစပ်ပြီးဝက်ခြံနေရာလေးမှာလိမ်းပေးထားပါ။နောက်တစ်နေ့မနက်ရောက်တဲ့အခါ မျက်နှာကိုသေချာသန့်စင်ပေးလိုက်ရုံပါပဲ။

ဒီနည်းလေးက အရေးပေါ်နည်းလမ်းတွေဖြစ်လို့ လက်တွေ့အသုံးဝင်စေမှာပါ။အချိန်အနည်းငယ်လောက်ယူပြီး ဒီနည်းလေးတွေကိုသုံးပေးရင် မျက်နှာက ဝက်ခြံကို အထင်းသားကြီးမြင်နေရမှာမဟုတ်တော့ပါဘူး။ဒါပေမဲ့ ဝက်ခြံမကြာခဏထွက်တတ်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေထက်နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ပြပြီး ကုသတာအကောင်းဆုံးပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*