လက်ရှိအချစ်ရေးမှာ ဒီလိုတွေကြုံနေရပြီဆို လမ်းခွဲသင့်နေပါပြီ…

ဒါဟာ အချစ်ရေးတစ်ခုကို အဆုံးသတ်ပစ်ဖို့ အားပေးတဲ့စာတော့မဟုတ်ပါဘူး။ဒါပေမဲ့ အခုပြောပြမယ့်အချက်လေးတွေနဲ့တိုက်ဆိုင်တူညီနေရင်တော့သင်တို့ရဲ့အချစ်ရေးက ရှေ့ဆက်လည်းပိုဆိုးဖို့ပဲရှိတော့တာပါ။ဘယ်လိုအချက်လေးတွေလဲဆိုတော့…

၁)ရန်ဖြစ်ရင်တောင် ပြန်ချော့ချင်တဲ့စိတ်တွေမရှိတော့ဘူး

အရင်ချစ်စခင်စတုန်းကတော့ ရန်ဖြစ်ရတာကိုတောင် အချစ်တွေတိုးစေတဲ့ကိစ္စတစ်ခုလို့ထင်နေပေမဲ့ မကြာခဏဆိုသလိုရန်တွေဖြစ်လာကြမယ်။အရင်လိုစိတ်ပါလက်ပါချော့ချင်စိတ်တွေမရှိတော့ဘူး။ချစ်သူဆိုတဲ့အမည်ခံကြောင့်သာ ချော့နေရမယ်။စိတ်ကတော့ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်မျိုးဖြစ်နေမယ်။

၂)သံသယတွေများလာမယ်

အရင်တုန်းကတော့ ကိုယ့်ချစ်သူကိုယုံကြည်မှုတွေရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ကိုယ့်ချစ်သူမဟုတ်တာလုပ်နေမလား၊ဘယ်ကောင်မလေးနဲ့များစကားတွေပြောနေမလဲ၊ကိုယ်နဲ့မတွေ့တဲ့အချိန် တစ်ခြားသူတွေနဲ့များ သွားလာနေမလားစသဖြင့် သံသယတွေဖြစ်လာမယ်။ယုံကြည်မှုဆိုတာ အချစ်ရေးတစ်ခုမှာမရှိမဖြစ်လိုအပ်တဲ့အရာပါ။သံသယဆိုတာလည်း တစ်ခါထားမိတာနဲ့ဖျောက်လို့မရတဲ့အမျိုးဆိုတော့ ကိုယ့်ချစ်သူအပေါ်အမြဲသံသယဝင်နေမိတော့မှာပါ။သံသယစိတ်တွေနဲ့စိတ်လည်းမချမ်းသာတော့ဘူး။

၃)မလွတ်လပ်တော့သလိုခံစားလာရတယ်

အရင်တုန်းက တစ်ယောက်တည်းလွတ်လွတ်လပ်လပ်သွားလာရတဲ့ဘဝကိုပြန်ပြီးတောင့်တလာမယ်။ချစ်သူက ဘေးကနေပါနေရင် မကြိုက်တော့ဘူး။ငြိုငြင်ချင်လာပြီ။တစ်ယောက်တည်းလုပ်ရတာပိုလွတ်လပ်တယ်ဆိုတဲ့အတွေးနဲ့ အချစ်ရေးတစ်ခုမှာအရမ်းပိတ်လှောင်ခံနေရပြီလို့တွေးမိလာမယ်။

၄)အပြစ်မြစ်တတ်လာမယ်

ချစ်နေတဲ့အချိန်မှာတော့ အရာအားလုံးကချစ်ချင်စရာကြီးပါ။ဒါပေမဲ့ အပြစ်မြင်ချင်လာပြီဆိုရင်တော့ချစ်စရာလည်းအပြစ်မြင်စရာဖြစ်သွားပါပြီ။ကိုယ်က ကိုယ့်အချစ်ရေးကိုစိတ်ပျက်နေတဲ့အချိန်၊လွတ်လပ်ချင်တဲ့အချိန်မှာ သူ့ဘက်ကအမှားတစ်ခုခုလုပ်တာနဲ့အပြစ်မြင်လာပါပြီ။ကိုယ့်ကိုချစ်လို့ပြောတာလည်း ချုပ်ချယ်တယ်လို့မြင်လာပြီ။အရင်တုန်းက နားလည်ပေးခဲ့တဲ့ အကျင့်စရိုက်တွေက အခုချိန်မှာတော့ အပြစ်တင်ချင်စရာကောင်းတဲ့အကျင့်စရိုက်တွေဖြစ်နေပါတယ်။


၅)မပျော်ရွှင်တော့ဘူး

Relationship တစ်ခုဆိုတာ နှစ်ဦးနှစ်ဖက်ပျော်ရွှင်မှုရှိမှ တည်မြဲတာပါ။တစ်ယောက်ကပျော်ပြီး တစ်ယောက်ကစိတ်ဆင်းရဲနေရင် မကြာခင်ဒီအချစ်ရေးကပြီးဆုံးတော့မယ်ဆိုတဲ့သဘောပါပဲ။အခု ကိုယ့်အချစ်ရေးမှာရော မပျော်ရွှင်တော့ဘူးလား။အပြစ်မြင်တာတွေ၊မလွတ်လပ်တာတွေက ညှိနှိုင်းလို့ရပါတယ်။ဒါပေမဲ့ကိုယ့်ချစ်သူကိုတွေ့ရလို့မပျော်ရွှင်တော့ဘူး။တွေ့နေရတာကိုတောင်စိတ်ကျဉ်းကျပ်နေပြီဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးက ရပ်တန့်ပစ်လိုက်တာအကောင်းဆုံးပါ။မပျော်ရွှင်တဲ့အချစ်ရေးတစ်ခုကို ဖမ်းဆုပ်ထားရတာက ပိုပြီးစိတ်ကျဉ်းကျပ်စိတ်ရှုပ်လာစေပါတယ်။

ဒီတော့ အချစ်ရေးမှာဒီလိုတွေကြုံနေရပြီဆိုရင်ကိုယ်တကယ်ဖြစ်ချင်တာ၊ကိုယ်တကယ်လိုချင်တာကိုပွင့်ပွင့်လင်းလင်းပြောပြီး ဖြေရှင်းလိုက်ပါ။ခဏအချိန်ယူပြီးပျော်ရွှင်တဲ့ RS တစ်ခုပြန်ဖန်တီးကြည့်ဦးမယ်ဆိုလည်း ကြိုးစားကြည့်ပါ။RS တစ်ခုဖြစ်လာဖို့ဆိုတာ လွယ်မှမလွယ်ပဲ။ဒါပေမဲ့ကြိုးစားကြည့်လို့ ကိုယ်က ဒီခံစားချက်တွေပဲ ဖြစ်နေတယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ကိုပြတ်ပြတ်သားသားချလိုက်တာအကောင်းဆုံးပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*