
အခုနောက်ပိုင်း မိတ်ကပ်ပညာတွေက အရမ်းကောင်းလာတော့ မိန်းကလေးတိုင်းက အကုန်ချောလာလေတယ်။ နဂိုရှိရှိ ၊ မရှိရှိ ပြင်တတ်ရင် လှကိုလှတယ်။ မယုံမရှိနဲ့ ဒီအမျိုးသမီးသာ ကြည့်ပါလေ။
” Makeup is an amazing thing,don’t let guys know ‘ ဆိုတဲ့ caption နဲ့ ဗီဒီယိုတစ်ခုဟာ အခုဆိုရင် ကြည့်ရှုသူ ၂၈မီလီလျံကျော်နဲ့ ရှယ်ပေါင်း ၂၈၄ဝဝဝ ကျော်သွားခဲ့ပါတယ်။ သြဂုတ်လ၂ရက်နေ့က တင်ခဲ့တာဖြစ်ပါတယ်။
Double eyelids ၊ Eyebrows ၊ Nose shape ၊ Face shape နဲ့ skin tone တို့ကို အဓိကထားပြုပြင်လိုက်တဲ့အခါ ထွက်ရှိလာတဲ့ ရလဒ်လေးကတော့ လူတောင်တကယ်မှားသွားတယ်။
ပြောင်းလဲမှုက အရမ်းကိုကွာခြားသွားလို့ တစ်ချို့ကြည့်ရှုသူတွေက ဗီဒီယိုဟာ အတုကြီးဖြစ်မယ်လို့ ပြောကြတယ်။ တကယ်ပြင်တတ်ရင်တော့ လူတစ်ယောက်လုံးပြောင်းလဲသွားနိုင်ပါတယ်။ ကဲ ပုရိသတို့ ချစ်သူရွေးရင် မိတ်ကပ်မလိမ်းရသေးတဲ့ မျက်နှာလေးတွေကို သေချာကြည့်ပြီးမှ ချစ်ကြနော်။
Leave a Reply