ပြောင်းဖူးစားနေပေမဲ့ ဒီလိုအကျိုးကျေးဇူးတွေရနေတယ်ဆိုတာ မသိခဲ့ရိုးအမှန်…

ပြောင်းဖူးက လူတိုင်းနီးပါးကြိုက်ကြတဲ့အစားအစာတစ်ခုပါ။ဒါပေမဲ့ ပြောင်းဖူးက စားလို့ကောင်းတယ်။ချိုတယ်၊အာဟာရပြည့်ဝတယ်ဆိုတာကလွဲရင်ပြောင်းဖူးကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနေလဲဆိုတာသတိမထားမိကြပါဘူး။ပြောင်းဖူးမှာ သံဓာတ်၊ဗီတာမင်ဘီ၊အားအင်ဖြည့်ပေးနိုင်တဲ့ ကာဗွန်ဟိုက်ဒရိတ်တွေပါတဲ့အပြင်ကိုလက်စထရောဓာတ်ကိုပါလျော့ကျစေပါတယ်တဲ့။နောက်ထပ်အံ့သြစရာအကျိုးကျေးဇူးတွေကတော့…

*ပြောင်းဖူးက ကျန်းမာလှပတဲ့အသားအရည်ကိုရရှိစေတယ်

ပြောင်းဖူးမှာဗီတာမင်စီနဲ့ lycopene ပါရှိတာကြောင့် အသားအရည်ပျက်စီးမှုကိုကာကွယ်ပေးနိုင်တဲ့အစွမ်းတွေရှိပါတယ်။အသားအရည်ကိုပိုပြီးချောမွေ့ကောင်းမွန်လာစေသလို အသားအရည်ချောမွေ့ဖို့အတွက်လိုအပ်တဲ့ Collagen ကိုလည်းတိုးပွားလာစေပါတယ်။

*အဖုအပိန့်တွေကိုလည်းသက်သာပျောက်ကင်းစေတယ်

ပြောင်းဖူးမှာ vitamin C ၊ thiamin niacin ၊ minerals နဲ့ antioxidants တွေပါရှိတာကြောင့် အရေပြားပေါ်မှာဖြစ်လာတဲ့အဖုအပိန့်တွေ၊နီမြန်းရောင်ရမ်းတာတွေကိုလျှော့ချပေးနိုင်ပါတယ်။

*ဆံသားတွေကိုအားဖြည့်ပေးတယ်

ပြောင်းဖူးကို နှစ်ရက်တစ်ခါလောက်ပုံမှန်စားပေးမယ်ဆိုရင် ပြောင်းဖူးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ Lycopene က ဦးရေပြားက မွေးညှင်းပေါက်လေးတွေကိုအားဖြည့်ပေးပါလိမ့်မယ်။အားဖြည့်ပေးတဲ့အတွက်အသစ်ထွက်လာတဲ့ဆံသားတွေက ချောမွေ့ပြီး သန်မာလာမှာပါ။အလွယ်တကူပြတ်ထွက်တာမျိုးတွေလည်းမဖြစ်တော့ပါဘူး။ပြောင်းဖူးနဲ့လုပ်ထားတဲ့ဆီဟာဆိုရင် ဆံသားကိုတောက်ပလာအောင်ကူညီပေးနိုင်ပါတယ်။

*ဆံပင်ကျွတ်တာလျှော့နည်းစေပြီး ဆံပင်ခြောက်သွေ့တဲ့ပြဿနာကိုပါဖြေရှင်းပေးတယ်

ပြောင်းဖူးဆီဟာ ဗီတာမင်အီးနဲ့ Fatty acid ပါဝင်လို့ပုံမှန်ဒီဆီနဲ့စားသောက်ပေးမယ်ဆိုရင် ဦးရေပြားမွေးညှင်းပေါက်လေးတွေကိုသန်မာလာစေပြီး နုပျိုစေပါတယ်တဲ့။အဲ့ဒါမှ ကောင်းမွန်တဲ့ဆံသားလေးတွေထွက်လာအောင်ပံ့ပိုးပေးနိုင်မှာပါ။ဆဲလ်ပျက်စီးတာတွေကိုလည်းကာကွယ်ပေးနိုင်ပြီး ဆံပင်ခဏခဏကျွတ်တာ၊ဆံသားခြောက်သွေ့တာတွေကိုလည်းလျော့နည်းသွားစေပါတယ်။

ပြောင်းဖူးပုံမှန်မစားဖြစ်ရင်တောင် ပြောင်းဖူးဆီကိုသုံးစွဲပေးတာက ကောင်းမွန်တဲ့ဆံသားကိုရရှိစေပြီး အသာသးအရည်ကိုပိုပြီးကောင်းမွန်လာစေမှာပါ။ဦးရေပြားမှာလိမ်းချင်တယ်ဆိုရင်အနည်းငယ်အပူပေးပြီး ဦးရေပြားနဲ့ဆံပင်အနှံ့နှိပ်နယ်လိမ်းပေးလို့ရပါတယ်။ပြီးတော့ ခေါင်းလျှော်ရည်အပျော့စားနဲ့သေချာသန့်စင်အောင်ပြန်ပြီးလျှော်ပေးပါ 😉

Be the first to comment

Leave a Reply

Your email address will not be published.


*