
သေးငယ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ တေးသီငှက်ကလေးတွေဟာ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ် သန်းနိုင်စွမ်းရှိမရှိ သိပ္ပံပညာရှင်တွေကြားမှာ ငြင်းခုန်ဆွေးနွေးခဲ့ကြတာ နှစ်အတော်ကြာပြီ ဖြစ်ပါတယ်။ အခုတော့ အဖြေထွက်သွားပါပြီ။ ၁၂ ဂရမ်လောက်ပဲ အလေးချိန်ရှိတဲ့ ဒီငှက်ပိစိကွေးလေးတွေဟာ အတ္တ လန္တိတ် သမုဒ္ဒရာကို မရပ်မနားဖြတ်သန်းနိုင်စွမ်းရှိတယ်လို့ လေ့လာတွေ့ချက်ရှိကို ကိုးကားပြီး သိပ္ပံပညာ ရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။
ဆောင်းဦးရာသီရောက်လာတဲ့အခါ ဒီတေးသီငှက်တွေဟာ နယူးအင်္ဂလန်ဒေသကနေ တောင်အမေရိက တိုက်ကို ကူးပြောင်းနေထိုင်ကြတဲ့အခါ အတ္တလန္တိတ်သမုဒ္ဒရာကို မရပ်မနားကူးဖြတ်နိုင်စွမ်း ရှိတာဖြစ်ပါ တယ်။ အဖြူရောင်နဲ့ အနက်ရောင် အကွက်တွေပါရှိတဲ့ တေးသီငှက်တွေဟာ ခန္ဓာကိုယ် အလွန်သေးငယ် တာကြောင့် သမုဒ္ဒရာကို ဖြတ်သန်းနိုင်စွမ်း တကယ်ရှိမရှိ ရာစုနှစ်တဝက်နီးပါး ငြင်းခုန်လာခဲ့ကြ တာဖြစ်ပါ တယ်။
တေးသီငှက် အကောင်လေးဆယ်ရဲ့ နောက်ကျောမှာ ပျံသန်းမှုမှတ်တမ်းပါရှိတဲ့ ကိရိယာငယ်လေးကို တပ် ဆင်ပေးပြီး စမ်းသပ်ခဲ့ကြရာကတဆင့် အခုလိုအဖြေထွက်လာတာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် မိုင်ပေါင်း ၁၄၁၀ မိုင်နဲ့ ၁၇၂၁ မိုင်ကြား မနားတမ်းပျံသန်းနိုင်ကြပါတယ်။ သူတို့ရဲ့ နွေရာသီစံမြန်းရာဖြစ်တဲ့ ပွာတိုရီကို၊ ကျူးဘား စတဲ့နေရာတွေမှာ ခိုအောင်းကြပြီး အဲဒီကတဆင့် ဗင်နီဇွဲလားမြောက်ပိုင်းနဲ့ ကိုလံဘီယာမှာ ပြောင်းရွှေ့နေထိုင်လေ့ရှိကြပါတယ်။
Leave a Reply