
ပီကေကို စည်းကမ်းမဲ့ မထွေးနဲ့
စင်ကာပူ နိုင်ငံမှာ ပီကေ ဝါးလို့ရပါတယ်။ ဒါပေမဲ့ ဝါးပြီးသား ပီကေကို စည်းကမ်းမဲ့ ထွေးထုတ်ရင်တော့ ပြဿနာရှိပါတယ်။ ဒေါ်လာ ၇၀၀ ဒဏ်ကြေးဆောင်ရမှာပါ။
မူးယစ်ဆေးဝါးကို မေ့လိုက်ပါ
စင်ကာပူသွားမယ်ဆိုရင် မူးယစ်ဆေးဝါးကို မေ့ထားခဲ့လိုက်ပါ။ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတဲ့ အရာကို ပမာဏ အနည်းငယ် တွေ့ရှိခဲ့ရင်လည်း ထောင်ကျနိုင်ပါတယ်။ မူးယစ်ဆေးဝါး ပမာဏ အများအပြားနဲ့ တွေ့ရှိဖမ်းဆီးခံရရင်တော့ သေဒဏ်အထိ ကျခံရနိုင်ပါတယ်။
တိရစ္ဆာန်တွေကို အစာမကျွေးရ
စင်ကာပူမှာ လည်ပတ်ချင်စရာ လှပတဲ့ ပန်းခြံတွေနဲ့ တိရစ္ဆာန်ဥယျာဉ်တွေ ရှိပါတယ်။ တိရစ္ဆာန်ဥယျာဉ်တွေမှာ လွတ်လပ်စွာ လည်ပတ်ပျော်ရွှင်နိုင်ပေမယ့် တိရစ္ဆာန်တွေကို အစာကျွေးရင်တော့ ဒဏ်ရိုက်ခံရနိုင်ပါတယ်။
အများမြင်ကွင်းမှာ လုံခြုံစွာ ဝတ်ဆင်ပါ
ကိုယ်လုံးတီး အခြေအနေနဲ့ အပြင်မထွက်ပါနဲ့။ အဝတ်အစား လဲလှယ်ချင်ရင် အများမမြင်နိုင်တဲ့ နေရာမှာ လဲလှယ်ရမှာပါ။ အများပြည်သူ မြင်ကွင်းမှာ ကိုယ်လုံးတီး အနေအထား ဖြစ်ခဲ့ရင် ငွေဒဏ်၊ လူမှုလုပ်ငန်း လုပ်ဆောင်ရတဲ့ ပြစ်ဒဏ်၊ ထောင်ဒဏ် တစ်ခုခု ကျခံရနိုင်ပါတယ်။
WiFi ခိုးမသုံးနဲ့
စင်ကာပူမှာ WiFi အင်တာနက် နေရာတိုင်းမှာ ရှိနေပါတယ်။ WiFi network အများအပြားဟာ password ဖြင့် ထိန်းချုပ်ကန့်သတ်ထားခြင်း မရှိတတ်ပါဘူး။ ဒါပေမဲ့ password မရှိတဲ့ WiFi တစ်ခုခုကို ချိတ်ဆက်သုံးလို့ သိရှိသွားခဲ့ရင်တော့ ဒေါ်လာ ထောင်နဲ့ချီပြီး ဒဏ်ရိုက်ခံရနိုင်ပါတယ်။
Leave a Reply