လေ့ကျင့်ခန်းလုပ်နေသော်လည်း ကိုယ်အလေးချိန်တိုးလာခြင်း အကြောင်းရင်း

gym ball exercise

ကိုယ်အလေးချိန် လျှော့ချရန် ကြိုးစားနေပါက လေ့ကျင့်ခန်းလုပ်ပြီး ကယ်လိုရီများ လောင်ကျွမ်းစေခြင်းမှာ အဓိကကျသည်။ သို့သော် လုံလောက်သော ကယ်လိုရီလောင်ကျွမ်းမှု မရှိပါက ကိုယ်အလေးချိန် ပြောင်းလဲသည်ကို သင်မြင်တွေ့ရမည်မဟုတ်ပေ။ အကယ်၍ ယင်းသို့ ကြုံတွေ့နေပါက ကယ်လိုရီများ လောင်ကျွမ်းစေရန် ကြိုးစားနေစဉ် မှားတတ်သော အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါသည်။

အမျိုးသမီးများစွာသည် နံနက်ပိုင်းလေ့ကျင့်ခန်း မလုပ်မီ နံနက်စာမစားဘဲနေလေ့ရှိခြင်းမှာ အဆိုးရွားဆုံး အလေ့အထတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစားအသောက်အလျင် စားခြင်းဖြင့် ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုနှုန်းကိုသာ အားကောင်းစေသည် မဟုတ်ဘဲ ကယ်လိုရီလောင်ကျွမ်းစေရန် အားစိုက်လုပ်ရသော လေ့ကျင့်ခန်းများ လုပ်စဉ်သင့်အတွက် စွမ်းအင်များလည်း ပေးနိုင်သောကြောင့် ဖြစ်သည်။ အစားအသောက် သေချာစားသောက်ခြင်းမရှိဘဲ လေ့ကျင့်ခန်းလုပ်ပါက ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ဖြစ်တတ်ပြီး လေ့ကျင့်ခန်းလုပ်စဉ် အားစိုက်၍ မလုပ်လိုဖြစ်လေ့ရှိသဖြင့် လေ့ကျင့်ခန်းမပြီးခင်ရပ်နားလိုစိတ် ဖြစ်ပေါ်လာနိုင်သည်။

ကြက်ဥများ၊ ဝက်ပေါင်ခြောက်များ၊ ကိတ်မုန့်များနှင့် အာလူးဖြင့် လုပ်ထားသော စားစရာများကို များစွာစားသောက်ခြင်းမှာလည်းကိုယ်အလေးချိန် လျှော့ချလိုသူများအတွက်
ကောင်းသောအလေ့အထမဟုတ်ပေ။ လေ့ကျင့်ခန်း မလုပ်မီ အစာကြေလွယ်သောအစားအသောက်ကို အနည်းငယ်မျှသာ စားသင့်သည်။

အကယ်၍ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီး ကယ်လိုရီ ၄၀၀ ကျော်မျှ လောင်ကျွမ်းသွားပြီးနောက် မုန့်ပဲသရေစာများဖြင့်ဗိုက်ပြန်ဖြည့်ရန် အသင့်ဖြစ်နေပါက ချောကလက်၊ ငှက်ပျောသီး၊အခွံမာသီးနှင့် ဖျော်ရည်များတွင် ကယ်လိုရီမြင့်မားစွာပါဝင်နိုင်သည်။ ထို့ကြောင့် သင်လောင်ကျွမ်းသွားစေခဲ့သော ကယ်လိုရီများအတွက် နောက်ထပ်ဖြည့်တင်းမိခြင်း မရှိစေရန် အရေးကြီးသည်။

ခန္ဓာကိုယ်အဆီထက် ကြွက်သားတစ်သျှူးများက ကယ်လိုရီများ ပိုမိုလောင်ကျွမ်းစေသောကြောင့် အားသွန်ခွန်စိုက် လေ့ကျင့်ခန်းမျိုးလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားများ တည်ဆောက်ရန်အလွန်အရေးကြီးသည်။ သို့သော် ခန္ဓာကိုယ်တစ်ခုလုံး အဆီများကို လျှော့ချရန် ကယ်လိုရီများ လောင်ကျွမ်းစေမည့် နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းများလုပ်ရန် လိုအပ်သေးသည်။ အင်အားသုံးရသော လေ့ကျင့်ခန်းများ ဆက်လုပ်ပါ။ သို့သော် နှလုံးကျန်းမာရေးနှင့် ဆိုင်သော လေ့ကျင့်ခန်းများဖြင့် တွဲလုပ်ရန် လိုအပ်သည်။

စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မြှင့်တင်ရန်နှင့် သွေးလည်ပတ်မှု အားကောင်းစေရန် နေပူဆာလှုံရင်း လမ်းလျှောက်ခြင်းမှာကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သော်လည်း ယင်းလေ့ကျင့်ခန်းက ကယ်လိုရီများစွာ လောင်ကျွမ်းစေနိုင်ခြင်း မရှိပေ။ ကိုယ်အလေးချိန် လျှော့ချရန်ရည်မှန်းထားပါက တစ်နေ့လျှင် အနည်းဆုံးတစ်နာရီကြာ လေ့ကျင့်ခန်းလုပ်ရ မည်ဖြစ်ပြီး ယင်းလေ့ကျင့်ခန်းလုပ်ပုံမှာကယ်လိုရီများစွာ လောင်ကျွမ်းစေမည့် အားစိုက်လုပ်ရသော လေ့ကျင့်ခန်းမျိုး ဖြစ်ရပေမည်။

ပြေးခြင်း၊ တာဝေးလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကြိုးခုန်ခြင်း၊ ရေကူးခြင်း (သို့မဟုတ်)အားကစားခန်းမတွင် နှလုံးနှင့်ဆိုင်သော လေ့ကျင့်ခန်းလုပ်ခြင်းတို့မှာ ကိုယ်အလေးချိန်လျှော့ချရန် အကောင်းဆုံးနည်းလမ်းများ ဖြစ်သည်။

မကြာခဏဆိုသလို လေ့ကျင့်ခန်း မလုပ်မိခြင်းသည်ကလည်းလေ့ကျင့်ခန်းလုပ်သည်ဆိုသော်လည်း ခန္ဓာကိုယ်ပိန်ပါးသွားခြင်း မရှိခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။ ကိုယ်အလေးချိန် လျှော့ချရန် သတ်မှတ်ချိန်အတိုင်း ပုံမှန်စွဲမြဲစွာ လေ့ကျင့်ခန်းလုပ်ပြီး သီတင်းတစ်ပတ်လျှင် ငါးရက်လေ့ကျင့်ခန်း လုပ်သင့်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*