မျက်ရည်ရဲ. တန်ဖိုး

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့….။အဲဒီ သမီးတော်လေးတွေ ငို ရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့..။ပထမ မင်းသမီးကတော့ မင်းသားလေးတစ်ပါးနဲ့ လက်ထပ်လိုက်ပြီး သူမရဲ့ မျက်ရည်ကဖြစ်တဲ့စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တစ်ခုပြီးတစ်ခု ဆောက်ပြီး နေထိုင်ကြပါတယ် ။

မင်းသမီးငယ်လေးကတော့သိုးကျောင်းသားတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်။ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော် ၂ပါးကို ခေါ်ပြီးတွေ့ပါတယ်။သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့တွေမြင်နေရပြီး သမီးငယ်နဲ့ သိုးကျောင်းသားကတော့ ဆင်းရဲမြဲဖြစ်နေတာကို တွေရပါတယ်။

အဲဒီတော့ ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ “သမီးငယ်ရဲ့ မျက်ရည်တစ်စက်နဲ့ မင်းတို့ ချမ်းသာ နေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ” လိုမေးပါတယ် ။သိုးကျောင်းသားလေးက “ကျွန်တော် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ” လို့ပြန်ဖြေပါတယ်။
အဲဒီတော့ ဘုရင်ကြီးက သူ့ချမ်းသာမှု့အတွက် သူတစ်ပါကို မျက်ရည် မဖြစ်စေတဲ့ သိုးကျောင်းသားလေးကို အိမ်ရှေ့စံ အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံတဲ့အခါ သိုးကျောင်းသားလေးက မင်းကျင့်တရား (၁၀)ပါးနဲ့ အညီ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတစ်ပါးဖြစ်လာပါတယ်။သူတစ်ပါး မျက်ရည်ကျမှ မိမိချမ်းသာမယ်ဆိုတဲ့သူက ခေတ္တအမြင်မှာတော့ ချမ်းသာသလိုလို ထင်ရသော်လည်း ချမ်းသာအစစ်မဖြစ်နိုင်ပါဘူး။သင်ရော သူတစ်ပါး မျက်ရည်ကျမှ ချမ်းသာမယ်ဆိုရင် သင်စိတ်ပျော်ရွှင်မှု ရရှိနိုင်ပါမလား ။

Be the first to comment

Leave a Reply

Your email address will not be published.


*